မောင်တောမြို့နယ်တွင် အမျိုးသားတစ်ဦး လည်လှီးအသတ်ခံရ


မောင်တောမြို့နယ် လင်ဘာကုန်းကျေးရွာမှ အမျိုးသားတစ်ဦး လည်ပင်းလှီးဖြတ် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ဇန်န၀ါရီ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

မောင်တောမြို့နယ် လင်ဘာကုန်းနား ကျေးရွာနေ ဆွေဒူအာမီ(၃၀) နှစ် သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် ညနေ ၆ နာရီခန့်တွင် ငါးစားကြူးချောင်းဘက်သို့ ငါးရှာသွားရာမှ ပြန်လည် ရောက်ရှိလာခြင်းမရှိ၍ မိသားစုများက လိုက်လံရှာဖွေရာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂ ရက် ညနေ ၃ နာရီခွဲခန့်တွင် ကျေးရွာတောင်ဘက် ကိုက် ၄၀၀ ခန့်အကွာ ငါးစားကြူးချောင်းထဲတွင် သေဆုံးနေကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့သို့ သတင်းပို့သဖြင့် သွားရောက် စစ်ဆေးခဲ့ရာ ငါးစားကြူးချောင်း ရေစပ် ရွှံဗွက်ထဲတွင် လည်ပင်း လှီးဖြတ်ဒဏ်ရာဖြင့် မှောက်လျက် သေ ဆုံးနေကြောင်း တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အသတ်ခံရမှုနှင့် ပတ်သက်၍ ဖြစ်စဉ်မှန် ပေါ်ပေါက်စေရေးအတွက် ရဲတပ်ဖွဲ့က လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

Photo State Counsellor Office Information committee
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.