သမ္မတအမိန့်ကိုဆန့်ကျင်ပြီး မွတ်စလင်များကို လက်ခံမည်ဟု တရားသူကြီး အမိန့်ထုတ်


မွတ်စလင်နိုင်ငံတွေကနေ တရားဝင်ဗီဇာနဲ့ အမေရိကန်မြေပေါ်ဆင်းသက်လာသူတွေကို နေရပ်ပြန်ပို့မှာမဟုတ်ဘူးလို့ နယူးယောက်ပြည်နယ် အရှေ့ပိုင်းခရိုင် တရားသူကြီးက တရားဝင် အမိန့်ထုတ်ပြန်လိုက်တဲ့အတွက် နယူးယောက်ပြည်နယ် ဘရွတ်လင်းမြို့ ပြည်ထောင်စုတရားရုံရှေ့မှာ ဆန္ဒပြသူတွေ အောင်ပွဲခံနေကြပါတယ်။

ဆီးရီးယား ဒုက္ခသည်တွေကို ခေါ်ယူရေးအစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားဖို့နဲ့ ဆီးရီးယား-အီရတ်နဲ့ အီရန်အပါအ၀င် မွတ်စလင်နိုင်ငံ ၇ ခုကနေ အမေရိကန်ကို ၀င်ရောက်လာသူတွေအပေါ် အထူးတင်းကြပ်ရေးအမိန့်သစ်ကို သမ္မတ ထရမ့်က မနေ့က လက်မှတ်ထိုးခဲ့ပါတယ်။

ဒီ့အတွက် ဒီကနေ့ အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးကို ၀င်ရောက်လာတဲ့ မွစလင်တွေကို ဘယ်လိုစဉ်းစားမလဲ၊ သူတို့ကိုပြန်ပို့မလားဆိုပြီး လေဆိပ်အသီးသီးမှာ ၀ရုန်းသုန်းကားဖြစ်ကုန်ပါတယ်။

ဒီအမိန့် သစ်အပေါ် ကန့်ကွက်ဆန္ဒပြပွဲတွေဟာ မြို့တော်-၀ါရှင်တန်ဒီစီနဲ့ နယူးယောက်အပါအ၀င် မြို့ကြီးအတော်များများမှာလည်း ဆူဆူညံညံထွက်ပေါ်လာပါတယ်။

ဒီအ့တွက် နယူးယောက်ပြည်နယ် အရှေ့ပိုင်းခရိုင်တရားသူကြီး အန်း ဒေါ်နယ်လီက တရားဝင်ဗီဇာနဲ့ဝင်ရောက်လာသူ မွတ်စလင်တွေကို နေရပ်ပြန်ပို့မှာမဟုတ်ကြောင်း ဒီကနေ့ တရားဝင် အမိန့်ထုတ်ပြန်ပေးလိုက်ပါတယ်။

ဒီ့အတွက် ဘရွတ်လင်းမြို့က ဆန္ဒပြသူတွေ ပျော်ရွှင်စွာ အောင်ပွဲခံနေကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

DVB TV News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.