မြန်မာနယ်စပ်မသွားဖို့ ထိုင်းအစိုးရ သတိပေး

(မြန်မာနယ်ခြားစောင့်တပ် BGF က ကရင်ပြည်နယ် ဘုရားသုံးဆူအနီးမှာ ဇန်နဝါရီလ ၂၁ ရက်နေ့က ဖမ်းခဲ့ပြီး လွတ်မြောက်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို တွေ့ရစဉ်)
မြန်မာနယ်ခြားစောင့်တပ် BGF က ကမ္ဘာလှည့်ခရီးသည် ၃၇ ဦးကို ဖမ်းခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနယ်စပ်အနီးကို မသွားကြဖို့ ထိုင်းအာဏာပိုင်တွေက ကမ္ဘာလှည့်ခရီးသည်တွေကို သတိပေးလိုက်ပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေကို နယ်ခြားစောင့်တပ်က ကရင်ပြည်နယ် ဘုရားသုံးဆူအနီးမှာ စနေနေ့က ဖမ်းခဲ့တာဖြစ်ပြီး ဒါဟာသူတို့ထိန်းချုပ်ထားတဲ့ အသက်မပြည့်သေးတဲ့ ပြည်တန်ဆာတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ကမ္ဘာလှည့်ခရီးသည်တွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် နောက်ထပ်အဖမ်းအဆီး ရှိနိုင်တာတွေကြောင့် ကမ္ဘာလှည့်ခရီးသည်တွေကို နယ်စပ်ဘက်ကို မသွားကြဖို့ ထိုင်းအာဏာပိုင်တွေက တိုက်တွန်းထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထိုင်းရဲ၊ လူကုန်ကူးမူတိုက်ဖျက်ရေးတပ်ဖွဲ့က မြန်မာနိုင်ငံ ဘုရားသုံးဆူဘက်ကနေ ထိုင်းကိုခေါ်လာတဲ့ အသက် ၁၆၊ ၁၇ အရွယ် ပြည့်တန်ဆာ ၆ ဦးနဲ့ ခေါ်လာသူ ၂ ဦးကိုဖမ်းခဲ့ပြီးတဲ့နောက် BGF က လက်တုန့်ပြန်တာဖြစ်တယ်လို့ ဒီကနေ့ထုတ်The Nation သတင်းစာမှာ ရေးထားပါတယ်။

Photo: nationmultimedia.com
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.