အိန္ဒိယနိုင်ငံ တွင် ပြန်လည်ကျင်းပခွင့်ပေးလိုက်သည့် နွားရိုင်းသတ်ပွဲအတွင်း လူ ၂ဦးသေဆုံး


နယူးဒေလီ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ် Pudukottai ခရိုင်၌ Jallikattu (ခေါ်) နွားရိုင်းသတ်ပွဲ အားကစားအား ပြန်လည်ကျင်းပခွင့်ပေးလိုက်သည့် ဇန်နဝါရီ ၂၂ရက်တွင် လူ ၂ဦးသေဆုံးခဲ့ပြီး အခြားလူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဒေသတွင်း နှင့် အိန္ဒိယနိုင်ငံ ဖယ်ဒရယ် အစိုးရက ယင်းရိုးရာပွဲအား ပိတ်ပင်ထားခြင်းကို ပယ်ဖျက်ရန် အမိန့်ထုတ်ပြန်ပြီးနောက် Tamil Nadu ပြည်နယ် Jallikattu (ခေါ်) နွားရိုင်းသတ်ပွဲ အားကစား ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်အတွင်း နွားရိုင်းသတ်ပွဲ ပြန်လည်ကျင်းပခွင့်ပေးရန် ဆန္ဒပြမှုများ ထွက်ပေါ်လာပြီးနောက် အဆိုပါအမိန့် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြည်တွင်း ရုပ်သံလိုင်း များ၏ ဖော်ပြချက်အရ ခရိုင်အတွင်း ဒဏ်ရာရရှိသူအရေအတွက် သည် ၁၂၉ဦးရှိကြောင်း သိရသည်။

(Xinhua)
China Xinhua News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.