အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကျမ်းကျိန်ပွဲကို တက်ရောက်ခဲ့တဲ့ လူထုပရိသတ်ပမာဏသတင်းမီဒီယာအား စွပ်စွဲ ပြောဆို


အမေရိကန် ပြည်ထောင်စုထဲက သတင်းမီဒီယာ တချို့ဟာ သမ္မတ နေရာကို ဒေါ်နယ်ထရမ့် ရရှိမှု အပေါ် ဥပဒေနဲ့ အပြည့်အဝ မလျော်ညီတဲ့ သဖွယ် သေးသိမ်အောင် ပြုမူ နေကြတယ် ဆိုပြီး အိမ်ဖြူတော် ရုံး အဖွဲ့မှုး ရိုင့်စ် ဘရီးဘတ်စ်က စွပ်စွဲ ပြောဆို လိုက်ပါတယ်။

မစ္စတာ ထရမ့်က သူ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ ပွဲကို လူ တစ်သန်းကျော် တက်ခဲ့ကြတယ် ဆိုပြီး ပြောဆို ခဲ့မှု အပါအဝင်၊ ထရမ့်ရဲ့ ပြန်ကြားရေး အရာရှိကလည်း အဲဒီ သောကြာနေ့ သမ္မတ နေရာ ဆက်ခံပွဲဟာ သမိုင်း တလျှောက် အကြီးကျယ်ဆုံး ပွဲပဲ ဆိုပြီး ပြောဆို ခဲ့တဲ့ အချက် တွေကို သတင်းဌာန တွေက လက်မခံ ခဲ့တဲ့နောက် အိမ်ဖြူတော်က တုံ့ပြန် လာတာ ဖြစ်ပါတယ်။

ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား ကျင်းပစဉ် ရိုက်ကူး ထားတဲ့ ရုပ်သံ မှတ်တမ်း တွေ၊ ဝေဟင် ဓာတ်ပုံ တွေ အရ ဒေါ်နယ်ထရမ့် ဘက်က ပြောဆိုတဲ့ အရေအတွက်မျိုး မရှိခဲ့ပါဘူး။

ဒါ့အပြင်၊ ဝါရှင်တန် ဒီစီ မြို့တော်ရဲ့ အများပြည်သူ ပို့ဆောင်ရေး စနစ် ကနေ ရရှိတဲ့ တရားဝင် ကိန်းဂဏန်းတွေ အရလည်း သမ္မတ အိုဘားမား ကျမ်းကျိန်ပွဲ တုန်းကထက် တက်ရောက်သူ အရေအတွက် နည်းပါးတာကို တွေ့ရပါတယ်။

#ဘီဘီစီမြန်မာပိုင်း
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.