မပြီးသေးသောတိုက်ပွဲများကိုဆက်တိုက်ကြ သရ၀ဏ်(ပြည်)




Weekly Headlines ဂျာနယ်အတွက် မရေးဖြစ်တာတောင် တော်တော်ကြာသွားပေပြီ ။ အယ်ဒီတာချုပ်ကိုသဲအောင်ကတော့ စိတ်မပျက်လက်မပျက်မကြာခနစာမူတောင်းသော်လည်း ကျန်းမာရေးအရ အနားယူနေရသဖြင့် စိတ်ထင်တိုင်းမရေးနိုင်သောကာလကိုလည်းဖြတ်ခဲ့ရပေ၏ ။ ရှေ့ လာမည့်ဂျာနယ်များတွင်လည်း အပါတ်စဉ်ရေးဖို့ ထက် တစ်ပါတ်ခြားဖြစ်စေ ထုံ့ ပိုင်းထုံ့ ပိုင်းတော့ရေးဖြစ်လိမ့်မည်ဟုယူဆရပေသည် ။ ယခုတစ်ပါတ်တော့ ရေးစရာသတင်းခေါင်းစဉ်ကများလှသည် ။ YBS ရန်ကုန်ဘတ်စ်ကားသတင်း ၊ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော ၀န်ကြီးချုပ်များအားခိုင်းပါဆိုသောသတင်း(ခိုင်းပါဆိုပေသည့်တစ်ဖက်ကလည်း၆၆(ဃ) ဘာညာကိုကြောက်ရတော့သိပ်မခိုင်းရဲဘူးခင်ဗျ) ၊ သည်းခံသင့်တာကိုသည်းခံပြီး သည်းမခံသင့်တာကိုသည်းမခံဖို့ ဆိုသော မိန့် ခွန်းသတင်း ၊ ပါတီ ၁၅ ပါတီကသခွပ်ပင်ကမီးတကျီကျီ မရောင်ရာဆီလူးနေတဲ့သတင်း ၊ အဲဒီ သူတော်ချင်းချင်းသတင်းလွေ့ လွေ့ ပေါင်းဖက်တွေ့ တဲ့  ၁၅ ပါတီထဲမှာ သူတို့မပါဘူး ။ လက်မှတ်ကလည်းသူတို့ပါတီခေါင်းဆောင်လက်မှတ်မဟုတ်ဘူးလို့  တအောင်း(ပလောင်)ပါတီကငြင်းလိုက်တဲ့သတင်း ၊ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ ပြန်စတော့မည့်သတင်း ၊ ငြိမ်းချမ်းရေးရန်ပုံငွေတွေ ကျပ်ဘီလျံသုံးထောင်ကျော် အလှူခံရရှိနေပြီဆိုတဲ့သတင်း စတာတွေနှင့် ရေးစရာပြောစရာများလှပေ၏ ။ ထို့ ကြောင့်တစ်ခုတည်းကိုမရေး သဗ္ဘရနံပေါင်း အကုန်ရေးရမည်ကဲ့သို့ ရှိချေ၏ ။ ဒါတောင်ကမ္ဘာ့သတင်းတွင်ဒေါ်နယ်ထရန့် ကြီးကြမ်းနေရမ်းနေပုံကြောင့် ဒုတာတေးသတင်းပင်ခပ်မှိန်မှိန်ရှိသွားပုံ ၊ တရုတ်နှင့် ရုရှားပင် ထရန့် ကြီးကိုအရိပ်အကဲကြည့်ပေါင်းနေရတာတွေ မပါသေးချေ ။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ် ဆိုသကဲ့သို့ ပြောစရာကားများလှ၏ ။

အရင်ဆုံး YBS အကြောင်းပြောချင်သည် ။ ကိုကြီးဖြိုး နဲ့ YBS ပြောင်းလဲရေးဗျူဟာ
YBS စနစ် (ကားဆရာနဲ့ စပါယ်ယာတွေကိုယ်ရကိုယ်ယူတစ်စီးချင်းကိုယ့်ငွေကိုယ်ကိုင်စနစ်မှ အများပိုင်ကုမ္မဏီသဘောအားလုံးမျှယူစနစ် )ပြောင်းလိုက်တာကောင်းသည် ။
- စနစ်ပြောင်းလိုက်တာထောက်ခံသည် ။သို့ သော် အထိုင်ကျနေသည့်ကားလိုင်းပြေးဆွဲသည့်ခ၇ီးစဉ်လမ်းကြောင်း Route များအားလုံးပြောင်းလိုက်တာမှားသည် ။
ဂျပန်အစိုးရဖွံ့ ဖြိုးတိုးတက်ရေးအေဂျင်စီ ( JICA )က ကိုကြီးဖြိုးကို အများဆုံးအကြံပေးသည် ။ပြောင်းလဲလိုက်သောလမ်းကြောင်းအသစ်များက မြို့ တွင်းပါတ်လိုင်းတွေများသည် ။ဟိုကွေ့ သည်ကောက်တွေများသည် ဂျပန်မှာ ၊ စင်္ကာပူမှာ ၊ လန်ဒန်မှာ ၊ အမေရိကမှာ မြန်မာပြည်လို ဂိတ်စဂိတ်ဆုံး မစီးသည့်သူတွေများသည် ။ အနီးဆုံးဘူတာရောက်တာနှင့် မြေအောက်ရထားစီးဖို့ ဘူတာရုံထဲဆင်းသွားကြသည် ။သူတို့ နိုင်ငံမှာ ရထားကိုအဓိကယာဉ်အဖြစ်သုံးကြပြီး ဘတ်စ်ကားကို အဖြည့်ခံယာဉ်အဖြစ်သုံးသည် ။ ကားနှင့်ရထားကိုချိတ်ဆက်ထားသည် ။ ရထားနှင့်ကားကို တချိန်တည်းလိုလိုပြောင်းစီးလျှင်ပိုက်ဆံထပ်မပေးရ ၊အချို့နိုင်ငံတွေမှာတော့စတိသဘောနည်းနည်းထပ်ကောက်သည် ။ မြန်မာပြည်မှာ ကားစီးသူတွေသည် ကားကို အဓိကပို့ ဆောင်ရေးယာဉ်အနေနဲ့စီးကြသည် ။ ဘူတာရောက်တာနှင့် ကားပေါ်ကဆင်းသွားကြသူများမဟုတ် ။ မြောက်ဥက္ကလာ-ဆူးလေ။ လှိုင်သာယာ-ဆူးလေ။ အင်းစိန်ဆူးလေ။ သံလျှင်-ဆူးလေ စသည်ဖြင့် အစအဆုံးသွားလာနေကြသူတွေများသည် ။ ရထားစီးသူကသပ်သပ် ၊ ဘတ်စ်ကားစီးသူကသပ်သပ်ဖြစ်သည် ။ ဂျပန်နှင့်မတူပါ ။ ဤအချက်ကြောင့် ဂျပန်အကြံဥာဏ်အတိုင်းလိုက်လုပ်လျှင် ဂျပန်မှာအဆင်ပြေမည်။ရန်ကုန်မှာအဆင်ပြေနိုင်မည်မဟုတ်ပါ ။ မြန်မာအကြံပေးကောင်းကောင်းကိုသုံးပါကိုကြီးဖြိုး ။ သို့ သော် ဤအပြောင်းအလဲကိုဆန့် ကျင်နေခြင်းမဟုတ် ။ကိုကြီးဖြိုးကိုထောက်ခံသည် ။ မှားလျှင်ပြန်တည့်ပါ ။ အရင်လူတွေထက်စာလျှင်အများကြီး အလုပ်လုပ်လာသည်ကိုထောက်ခံပါ၏ ။

၁၅ ပါတီကိစ္စကတော့ (တကယ်တော့ ၁၄ ပါတီ ဟုပြောမှမှန်မည် ။ပလောင်ကသူမပါဟုငြင်းသည် ) အကြော်သယ်မလက်နှီးစုတ်လို ဖန်တရာတေနေသောနိုင်ငံရေးခြောက်လှန့် မှုဖြစ်သည် ။ ကာလုံကို ဇွတ်ကြီးပွဲထုတ်နေသောလုပ်ရပ်ဖြစ်သည် ။ ထုံးစံတိုင်း အမျိုးသားရေး ၊ ဘာရေးညာရေးကို ဘန်းပြကာ အစိုးရအဖွဲ့ ကို စစ်တပ်လွှမ်းမိုးရေး နှပ်ကြောင်းပေးနေခြင်းဖြစ်သည် ။ဤအကွက်တွေမှာ ဘိုးတော်ဘုရားလေးဘက်ထောက်သွားနေကာစလောက်ကအကွက်တွေဖြစ်၍ ရိုးအီနေချေပြီ ။ စစ်ပွဲတွေကိုထောက်ခံကြအဖွဲ့ နောက်သို့ လည်း လူတွေများများစားစားပါမလာတာကို ကြည့်လျှင်မြန်မာပြည်သူလူထုက ဤအကွက်ကိုကြိုသဘောပေါက်နေကြတာများသည်ဟုဆိုရမည် ။ မြန်မာ့ အိုင်ကျူ ကမ္ဘာသို့ လွှမ်းချေပြီ ။ ဤအထဲတွင် လွန်ခဲ့သောရက်ပိုင်းက NDF ပါတီ၏ထူးခြားသောကြေညာချက်တစ်ခုကိုဖတ်လိုက်ရသည် ။ The Voice စသော မီဒီယာအချို့ က NDF ပါတီသည် ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဖက်လိုလို မဟာမိတ်လိုလို ရေးသားခဲ့သဖြင့် မဟုတ်ရပါကြောင်း ရှင်းလင်းထားသောကြေငြာချက်ဖြစ်သည် ။ ရှင်းသည်ဆိုကတည်းက ရှုပ်နေသောကြောင့်ဖြစ်သည် ။ မရှုပ်လျှင်ရှင်းစရာမလို ။ ချဉ်ဖတ်အိုးထဲသို့ ခုန်ဆင်းမိသော မုန်လာဥတစ်ဖတ်မှာ ကိုယ်ကမချဉ်ချင်ပါဘူးဟုပြောသည့်တိုင် ဘယ်လိုအရသာဖြစ်နေမည်လဲဆိုတာ နိုင်ငံရေးဆရာကြီးများ သိဖို့ ကောင်းသည် ။ ငရုတ်သီးနှင့်ပေါင်းလို့ ကြက်သွန်မှာရောအထောင်းခံရသည်ဆိုသောပြောရိုးလည်းရှိသည် ။ ငရုတ်သီးရော ၊ကြက်သွန်ရော ငရုတ်ဆုံထဲ ခုန်မချကြဖို့လိုပေသည် ။ ဝေဖန်ရေးကားကောင်း၏ ။ သို့ သော် အရာရာကိုချင့်ချိန်ထောက်ဆပြီးမှလုပ်သော်ပိုကောင်းပေ၏ ။

နောက်ထပ်စိတ်ဝင်စားဖွယ်သတင်းတစ်ပုဒ်ကား ၈၈ မျိုးဆက် များ ပါတီထောင်ဖို့ အကြံဥာဏ်များရယူရန်ဖိုရမ်ကျင်းပမည့်သတင်းဖြစ်သည် ။ ပြည်ခိုင်ဖြိုးနှင့် NLD သာ မီနူးပေါ်တွင်ရွေးစရာရှိသလိုဖြစ်နေသောအဖြစ်မှ တတိယအင်အားစုတစ်ခုဝင်လာမည်ဆိုခြင်းကို ထောက်ခံကြိုဆိုပါ၏ ။ ၁၉၈၈ မှစကာ ၂၉ နှစ်လုံးလုံး နိုင်ငံရေးသီလမကျိုးပေါက်ခဲ့သောအဖွဲ့ တစ်ခုကိုမဲပေးဖို့ ပြည်သူလူထုက စောင့်မျှော်နေပါသည် ။သို့ သော် ထိုအဖွဲ့ ပါတီထောင်မည့်ကိစ္စတွင် ဦးကိုကိုကြီးသာပါဝင်ပြီး ကိုမင်းကိုနိုင်ကမပါဝင်ပဲ အမျိုးသားနိုင်ငံရေးလိုလိုဘာလိုလိုလုပ်မည်ဆိုတာကိုတော့သဘောမကျ ။ အမေရိကန်သမ္မတလင်ကွန်းပြောခဲ့သောစကားတစ်ခွန်းရှိသည် ။ သူသည် မည်သည့်အလုပ်ကိုမှ တစ်စိတ်တစ်ပိုင်းနှင့် တို့ လို့ တန်းလန်း ( Half Done ) ထားခဲ့ရိုးမရှိပါ တဲ့ ။ မြန်မာ့နိုင်ငံရေးတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များပါဝင်မှုနက်ရှိုင်းခဲ့သည် ။ အရင်းအနှီးကြီးခဲ့သည် ။ သို့ သော် ဒီမိုကရေစီတိုက်ပွဲကမပြီးသေးပါ ။ ပြည်သူ့ ဘက်တော်သားတွေအာဏာရဖို့ လိုသည် ။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်း ၊ငြိမ်းချမ်းရေး ၊ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးလမ်းကြောင်းတွေကိုဆက်သွားဖို့ လိုသည် ။ဒါတွေသည် အာဏာမရှိပဲ စာရွက်ပေါ်တွင်ကြေငြာချက်ထုတ်ရုံ ၊ ဟိုလူ့ ဝန်းရံသည်လူ့ ဝန်းရံရုံဖြင့်လုပ်၍မရပါ ။ ကိုမင်းကိုနိုင်ကို အပြင်းအထန် မေတ္တာရပ်ခံတောင်းဆိုပါသည် ။ ကိုကိုကြီးနှင့်အတူ ၈၈ မျိုးဆက်ပါတီထောင်ပါ ။ ရွေးကောက်ပွဲဝင်ပါ ။ ၅၄ နှစ်ဆိုသောအရွယ်သည် နိုင်ငံရေးအရအကောင်းဆုံးအသက်အရွယ်ဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်အလွန်မြန်မာ့နိုင်ငံရေးအတွက်ယခုထဲကပြင်ဆင်ထားကြပါ ။ ပါတီထောင်ခြင်း၊ရွေးကောက်ပွဲဝင်ခြင်း ၊အာဏာ ရယူခြင်းတို့ သည် ရှက်စရာ ရွံ့ စရာမဟုတ်ပါ ။ ရဲရဲဝံ့ ဝံ့ရှေ့ ဆက်လျှောက်လှမ်းကာ ၁၉၈၈ တိုက်ပွဲ၏အပြီးသတ်အလုပ်တစ်ခုကိုဆက်လက်လုပ်ကိုင်ပါဟု ကိုမင်းကိုနိုင်ကိုတောင်းဆိုလိုက်ရပါကြောင်း။

သရ၀ဏ်(ပြည်)

Weekly Headline ဂျာနယ်
၂၈.၁.၂၀၁၇

COMMENTS

Name

art,1,article,1304,cartoon variety,22,crime,66,culture,1,documentary,7,Entertainment,8,health,32,history,2,international,7366,interview,220,knowledge,8,Live,8,LocalNews,15736,news,2842,opinion,765,photos,203,poem,116,satires,39,song,12,speech,12,sports,141,statement,59,technic,56,translate,34,video,1068,voice,76,
ltr
item
dawnmanhon: မပြီးသေးသောတိုက်ပွဲများကိုဆက်တိုက်ကြ သရ၀ဏ်(ပြည်)
မပြီးသေးသောတိုက်ပွဲများကိုဆက်တိုက်ကြ သရ၀ဏ်(ပြည်)
https://democracyforburma.files.wordpress.com/2013/04/269853_392108247576012_1271786646_n.jpg
dawnmanhon
http://www.dawnmanhon.com/2017/01/blog-post_878.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/01/blog-post_878.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy