ကချင်ပြည်နယ်မှ ကျောင်းဆရာအသတ်ခံရမှု တရားခံအမြန်ဆုံးဖော်ထုတ်ပေးရန် ဆရာ/ဆရာမများ ဆန္ဒထုတ်ဖော်


ကချင်ပြည်နယ်၊ ဖားကန့်မြို့မှ ကျောင်းဆရာအောင်ဇင်ထွန်း အသတ်ခံရမှုနဲ့ ပတ်သက်၍ တရားခံအမြန်ဆုံးဖော်ထုတ်ပေးရန် ဇန်န၀ါရီ ၂၂ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/မများအဖွဲ့ချုပ်က ဦးဆောင်ကာ ဆရာ/ဆရာမအင်အား ၃၀ ၀န်းကျင်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သူ ဆရာ/ဆရာမများက ကျောင်းဆရာ အောင်ဇင်ထွန်းအား သတ်ဖြတ်သူ လူသတ်တရားခံကို အမြန်ဆုံးဖော်ထုတ်ပေးရေး၊ လက်နက်ကိုင်လမ်းစဉ်အလိုမရှိ၊ ငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရေး၊ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ် အလိုမရှိ၊ ဆရာ/ ဆရာမများ ဘေးကင်းလုံခြုံရေး ဒို့အရေး အစရှိသော ဗီနိုင်းများ၊ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆရာအောင်ဇင်ထွန်းအတွက် ၀မ်းနည်းမှတ်တမ်းကဗျာများ ရွတ်ဆိုခဲ့ကြသည်။

“ဒီဖြစ်ရပ်က သိပ်ကို ရင်နာစရာောကာင်းပါတယ်။ သေသွားတာ ကျောင်းဆရာတစ်ယောက်တည်းဖြစ်ပေမဲ့ တကယ်တော့ ပညာရေးမဏ္ဍိုင်ကြီးတစ်ခုလုံး တုန်လှုပ်သွားရတာပါ။ ဒါဟာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်ကြီးပါ”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့မှ ဒေါက်တာအာကာမိုးသူက News Watch သို့ပြောသည်။

ကျောင်းဆရာအောင်ဇင်ထွန်း အသတ်ခံရမှုနှင့်ပတ်သက်၍ အမှုမှန်ဖော်ထုတ်ရေး ဆန္ဒထုတ်ဖော်ပွဲများကို ရန်ကုန်မြို့အပြင်၊ မန္တလေး၊ ကလေး၊ မုံရွာစသည့်ဒေသများတွင်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စု၊ နမ့်မမြစ်ကျေးရွာ အလယ်တန်းပြကျောင်းမှ အလယ်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်နေသူ အသက် ၂၇ နှစ်အရွယ် ဆရာဦးအောင်ဇင်ထွန်းအား ဆိုင်ကယ်ဖြင့်လာရောက်သူ လက်နက်ကိုင် ၃ ဦးကခေါ်ဆောင်သွားကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

နီနီလှိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.