သျှမ်းပြည်ဆောင်းတွင်းအအေးလွန်ကဲမှုကြောင့် စစ်ဘေးရှောင် ၇ ထောင်ကျော် အခက်တွေ့

ဓါတ်ပုံ- နမ္မတူမြို့ပေါ်ရောက် စစ်ဘေးရှောင်တချို့ပုံ
ဇန်န၀ါရီ ၄ ရက် ၂၀၁၇

သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြို့နယ် နှင့် ကွတ်ခိုင်မြို့နယ် အတွင်း စစ်ဘေးရှောင် ခိုလှုံသည့် စခန်းများ အား လုံးတွင် စစ်ဘေးရှောင် ဒုက္ခသည် ၇၀၀၀ ကျော် နေပြီဖြစ်သည့်အပြင် ဆောင်းတွင်းအအေးဒဏ်ကြောင့် အခက်အခဲရင်ဆိုင်သည်ဟုသိရပါသည်။

“ ဒီ ၂၀၁၇ နှစ်ကူးကာလမှာ အေးချမ်းတဲ့ နှစ်သစ်ကူးဖြစ်ပါစေလို့ ဆုတောင်းနေတာ။ လက်နက်ကြီး တွေပစ်တယ်။ တိုက်ပွဲတွေ ဆင်နွဲတယ်ဆိုတော့ ကွတ်ခိုင်မြို့ပေါ်မှာလဲ စစ်ဘေးရှောင်တွေ အများကြီး ထပ်ရောက်တယ်။ မိုင်းယုလေး က သူတွေနဲ့ ပေါင်းရင် ၆၀၀၀ ကျော် အထိ တိုးလာပြီ” ဟု ပန်ကူ ဒုက္ခသည်စခန်းနေ ကူညီကယ်ဆယ်ရေးကော်မတီမှ အကြီးအကဲတဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း အတွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် ကျောက်မဲ၊ နမ္မတူ၊ ကွတ်ခိုင်မြို့များတွင် စစ်ဘေးရှောင်များ တိုးများလာနေကြောင်း၊ သျှမ်းပြည်မြောက်ပိုင်း၏ ဆောင်းတွင်းအအေးဒဏ်ကြောင့် နေထိုင်စားသောက်ရေးအတွက်လည်း အခက်အခဲ အမျိုးမျိုး ရင်ဆိုင်နေရသည်ဟု ဆိုသည်။
“ မန်တုံမြို့နယ် ကနေ နမ္မတူမြို့ပေါ်ကို ရောက်လာတာ ဒီကနေ့ ၁၃၀၀ ကျော် အထိ တိုးလာနေတယ်” ဟု ကူညီရေး အဖွဲ့တွင် ပါဝင်သည့် စိုင်းဘဥာဏ်က ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း အမျိုးသားလွှတ်တော်အမတ်ဦးဖြစ်သည့် စိုင်းဝမ်းလျဲန်းခမ်းက - “ ဒေသအတွင်း သွားလာရေးခက်တဲ့အခြေအနေ လုံခြုံရေးအခြေအနေ တွေကြောင့် ကူညီထောက်ပံ့တဲ့သူနည်းပါး လာနေ တယ်လို့၊ ပါဝင်ကူညီကြဖို့ တိုက်တွန်းလိုတယ်” - ဟု ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း အစိုးရတပ်မတော် နှင့်မြောက်ပိုင်းမဟာမိတ် တပ်မတော် တို့တိုက်ပွဲဖြစ်ပွားနေ သည့် အပြင် တအာင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော် TNLA နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA ကြား လည်း စစ်ရေး ပဋိပက္ခများ ဖြစ်ပွားနေသည့်အတွက် ဒေသခံများနေရပ်မှ စွန့်ခွါနေရခြင်းဖြစ်သည်။

သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese


Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.