မန္တလေးမြို့ တွင် အမျိုးသမီးတစ်ဦးကို ဓါးဖြင့်အပိုင်းပိုင်းခုတ်သတ်ပြီး၊ ကလေးငယ်တစ်ဦးကို မီးရှို့သတ်မှု ဖြစ်ပွား


မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရွာမကြီး အကွက်( ၅၈၉ )မေဇင်သိန်းလမ်းကြား အိမ်ရှင် ဦးတင်ထွန်းဝင်း နေအိမ်တွင် ဇန်န၀ါရီလ (၁၉) ရက်နေ့ မွန်းလွဲ ၂နာရီ၄၅မိနစ်ခန့်က အမျိုးသမီးတစ်ဦးကို ဓါးဖြင့်အပိုင်းပိုင်းခုတ်သတ်ပြီး၊ ကလေးငယ်တစ်ဦးကို မီးရှို့သတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။


အဆိုပါ နေအိမ် အိပ်ခန်းအတွင်း အိမ်ရှင်ဇနီးဖြစ်သူ အသက် ၃၅နှစ် မနန်းခင်ထွေးဝင်း ၉/မရမ (နိုင်)၀၉၀၀၃၂ အား ဓါးဖြင့် အပိုင်းပိုင်းခုတ်ပြီး အဝတ်အစားထည့် ပလပ်စတစ်ပုံးအတွင်း ခွေခေါက်ထည့်ထားပြီး ၃နှစ်၂လ အရွယ် မနန်းဝင်းရွှေရည်မှုံ ကို ခရီးဆောင်အိတ်အတွင်း ထည့်ကာ မီးရှို့သတ်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး တစ်အိမ်တည်းနေသူ လူသတ်တရားခံ သံသယရှိသူမှာ အသတ်​ခံရတဲ့ အမျိုးသမီးရဲ့ အမဖြစ်​သူ၏ သမီးကြီး​ယောကျာ်းဖြစ်​ပြီး အိမ်​​ပေါ်​ခေါ်တင်​ထားတဲ့သူဖြစ်​​ကြောင်း သိရပြီး အဆင့်မြင့်ရဲစခန်းတွင် စစ်ဆေးလျက်ရှိသည်။


အမျိုးသမီးတစ်ဦး ကို ဓါးဖြင့်အပိုင်းပိုင်းခုတ်ပြီး ကလေးငယ်တစ်ဦးမီးရှို့သူ လူသတ်တရားခံ ဝန်ခံသွားပါပြီး ၊ cctv မှတ်တမ်းများအရ သေဆုံးသူ၏ တူမယောက်ကျား အသက် ၂၀ခန့် ဒုတိယနှစ်ကျောင်းသား ဟုဆိုပါသည်။

သတင်း - ShweMann
ဓါတ်ပုံ - Ko A Tar
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.