ပန်းတနော်မြို့နယ်တွင် ကရင်ခေါင်းဆောင် ဖဒိုမန်းရှာရုပ်ထုစိုက်ထူ


လုပ်ကြံခံရပြီး ကွယ်လွန်သွားခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ အထိမ်းအမှတ် ကြေးရုပ်ကို ၄င်း၏ဇာတိဖြစ်သော ပန်းတနော်မြို့နယ် တောကျောင်းကျေးရွာတွင် စိုက်ထူပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ကရင်အမျိုးသား အစည်းအရုံး(KNU) အထွေထွေ အတွင်းရေးမှူးဟောင်း ဖဒိုမန်းရှာ ရုပ်ထုဖွင့်ပွဲကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် ဖဒိုမန်းရှာ ကျဆုံးသည့်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တောကျောင်းကျေးရွာ ဒေသခံများက ပြောသည်။

၂၇၅၆ ခု ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်တွင် ကေအန်ယူ အထွေထွေ အတွင်းရေးမှူးဟောင်း ဖဒိုမန်းရှာလားဖန်း၏ ဇာတိဖြစ်သော ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် တောကျောင်းရွာတွင် ဖဒိုမန်းရှာရုပ်ထုကို စိုက်ထူခဲ့ပြီး ရုပ်ထုဖွင့်ပွဲကို အောက်မေ့ဖွယ် အခမ်းအနားနှင့် တစ်ပြိုင်နက် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖဒိုမန်းရှာရုပ်ထုကို ဖဒိုမန်းရှာ၏အကို ဖူးတင်ရွှေ မရမ်းမှ မန်းထိန်ဝင်းစိန် ရွာရပ်မိရပ်ဖတို့၏ ဦးဆောင်မှုဖြင့် ဖဒိုမန်းရှာ၏ ရုပ်ထုကို စိုက်ထူ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖဒိုမန်းရှာမှာ ၁၉၆၂ ခုနစ် ဦးနေ၀င်း အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့ သည့် ဆဲဗင်းဇူလိုင် ကျောင်းသား အရေးအခင်းတွင် လူမျိုးစု ကျောင်း သားသမဂ္ဂမှ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်ခဲ့ပြီး ယင်းနောက်ပိုင်း တွင် ကရင့်လက်နက်ကိုင် ကေအန်ယူနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ ၈ လေးလုံး အရေးတော်ပုံအပြီး နယ်စပ် ရောက်လာသည့် ထိုင်းမြန်မာ နယ်စပ်သို့ ရောက်လာသည့် ကျောင်းသားများကို စတင်လက်ခံ ခဲ့သူမှာလည်း ဖဒိုမန်းရှာပင်ဖြစ်ပြီး ၂၀၀၈ ခုနစ်က မဲဆောက်ရှိ နေအိမ်တွင် လုပ်ကြံသတ်ဖြတ် ခံခဲ့ရခြင်းဖြစ်သည်။

ဇော်မင်းထွန်း
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.