ရခိုင်ဒေသမှ ဘင်္ဂါလီမွတ်ဆလင်လူမျိုးစု ကိစ္စ အပါအ၀င် ပဋိပက္ခများနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် အချိန်နှင့် နေရာပေးရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က စင်ကာပူနိုင်ငံတွင် ပြုလုပ်သည် လုံခြုံရေးဆိုင်ရာသည့် ဖိုရမ်တစ်ခုတွင် ပြောခဲ့ခြင်းဖြစ်သည်။
ကာကွယ်ရေး ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်က “အစိုးရ အနေနဲ့ ပြည်သူပြည်သားတွေ အခွင့်အရေးကို လျစ်လျူရှုတာမျိုး မလုပ်ပါဘူး။ ဥပဒေကြောင်းအရ အရေးယူတုံ့ပြန်မှုတွေ လုပ်နေပါတယ်” ဟု ပြောသည်။
“ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး
စိုးရိမ်မှုတွေ တိုးပွားလာတာကို အပြည့်အ၀ သတိပြုမိပါတယ်” ဟုပြောခဲ့ပြီး
ပြသ၁နာကို ဖြေရှင်းရန်နှင့် အပြစ်ပေးခြင်း ကိစ္စများ လုပ်ဆောင်ခဲ့ကြောင်း
ဆိုသည်။
အောက်တိုဘာလတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီးနောက်
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ
လုပ်ဆောင်ခြင်းများ ရှိသည်။
ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က International Institute for Strategic
Studies မှ စီစဉ်သည့် ဒေသတွင်း လုံခြုံရေးဆိုင်ရာဖိုရမ်တွင် မလေးရှား ကာကွယ်ရေးဝန်ကြီး
Hishammuddin Hussein ပြောဆိုခြင်းနှင့် ပတ်သက်ပြီး တုံ့ပြန်ပြောဆိုခဲ့ခြင်း
ဖြစ်သည်။
ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်ပြီး ကောင်းစွာ ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိပါက IS ကဲ့သို့ အဖွဲ့များ အနေဖြင့် အဆိုပါကိစ္စအပေါ် အခြေခံပြီး အရှေ့တောင်အာရှတွင်
အမြတ်ထုတ်သွားနိုင်ကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီး Hishammuddin က အဆိုပါ ဖိုရမ်တွင် သတိပေး ပြောကြားခဲ့သည်။
“ဒီကိစ္စက မွတ်ဆလင်အားလုံးကို သက်ရောက်စေပါတယ်။ ဒါက အရမ်းကို စိတ်ထိခိုက်ဖို့ ကောင်းပါတယ်” ဟု မလေးဝန်ကြီး က ဘင်္ဂါလီအရေးကိစ္စနှင့် ပတ်သက်ပြီး ပြောသည်။
ဒုတိယ၀န်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ရန်ကုန်နှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း
နှစ်ခုစလုံးက ဒီပြသ၁နာနှင့် ပတ်သက်ပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်ရဖို့
အာရုံစိုက် အဖြေရှာနေကြောင်း ပြောသည်။
“ပြသ၁နာကို ဖြေရှင်းဖို့ အချိန်နဲ့ အခြေအနေ ရှိပါက အစိုးရအနေနဲ့ ဒီရှုပ်ထွေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရေရှည်တည့်တံ့မယ့် အဖြေတစ်ခုကို ဖော်ထုတ်နိုင်မှာ ဖြစ်တယ်”ဟု ဗိုလ်ချုပ်မြင့်နွယ် ပြောကြားခဲ့သည်။
စိုင်းဟန်
The Ladies News
COMMENTS