မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန သတိပေး


ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့် ဇန်န၀ါရီလ ၆ ရက် နေ့မှာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ပြီး ၃ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသကို ၀င်ရောက် နိုင်ဖွယ်ရှိတယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ လေဖိအားနည်း ရပ်ဝန်းအခြေအနေသာရှိပြီး မုန်တိုင်းငယ်ဖြစ် လာတဲ့အခါ ၀င်ရောက်နိုင်တဲ့ ဒေသတွေကို အသေချာ ပြောနိုင်မှာဖြစ်တယ်လို့ ဦးကျော်မိုးဦး က ပြောပါတယ်။
" ဒါပေမယ့် လောလောဆယ်တော့ လေဖိအားနည်းရပ်ဝန်းပဲ ဖြစ်နေသေးတယ်ဆိုတော့ မုန်တိုင်းဖြစ်ပြီးတော့မှ ဘယ်ကိုဦးတည်နေတယ်ဆိုတာ ပြောဖို့ စောတယ်ပေါ့။ အခြေအနေက အမြဲပြောင်းလဲနေတာမျိုးတွေ ရှိတယ်ပေါ့။ အဓိကကတော့ မုန်တိုင်းအဆင့်ကို ရောက်သွားပြီဆိုရင်တော့ ဒါ ဘယ်ကိုဦးတည်တယ်ဆိုတာ ပြောလို့ရတယ်ပေါ့နော်။ အခုလောလောဆယ်တော့ လေဖိအားနည်း ရပ်ဝန်းဖြစ်တဲ့ အခြေအနေကနေ ထုတ်ထားတာ ဖြစ်တဲ့အကြောင့်မို့လို့ ၆ ရက်နေ့လောက်ဆို ပိုအားကောင်းလာနိုင်မယ်။ မုန်တိုင်းငယ်အဖြစ် ရောက်လာနိုင်တယ်။ ၉ ရက် ၁၀ ရက်မှာတော့ မြစ်ဝကျွန်းပေါ်ကို ဦးတည်နေတဲ့ အနေအထားကို တွေ့ရတယ်။"
ဘင်္ဂလားပင်လယ်အော်အတွင်းမှာ မုန်တိုင်းဖြစ်ပေါ်မှုဟာ ဇန်န၀ါရီလအတွင်းမှာ ဖြစ်ပေါ်တာ နည်းလေ့ရှိတယ်လို့လည်း ပြောပါတယ်။

ဒီရက်ပိုင်းမှာတောင် တရုတ်ပြည်မကြီးက ဆင်းသက်လာတဲ့ လေဖိအားကြီးရပ်ဝန်းကြောင့် နေပြည်တော်၊ မန္တလေး၊ မကွေး၊ ကချင်၊ ချင်း၊ ရှမ်း၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီနဲ့ ကယားပြည်နယ် တွေမှာ မိုးရွာနေပါတယ်။

( မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၂းဝဝ နာရီအချိန် ထုတ်ပြန်ချက်ကို တွေ့ရစဉ် )Photo: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန/ Facebook

RFA Burmese
https://www.facebook.com/rfaburmese/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.