မြစ်ကြီးနားက ဗိုလ်ချုပ်ကြေးရုပ် ကိစ္စ ဖြစ်မြောက်ရေးကော်မတီက ကန့်ကွက်

 မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်က မန္တလေးကျောင်းတိုက်မှာ ဇန်နဝါရီ ၈ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ် မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်က မန္တလေးကျောင်းတိုက်မှာ ဇန်နဝါရီ ၈ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ်အဖြစ် စိုက်ထူမယ့် ဗိုလ်ချုပ်ကြေး ရုပ်တုကို ပြည်နယ်အစိုးရက ပြန်လည်ပြုပြင်ဖို့ စီစဉ်နေတာကို နှစ်တစ်ရာပြည့် ဗိုလ်ချုပ်ကြေးရုပ် တုဖြစ်မြောက်ရေးကော်မတီက ကန့်ကွက်လိုက်ပါတယ်။

မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက် က မန္တလေးကျောင်းတိုက်မှာ ပြုလုပ်တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံ ပွဲမှာ နှစ်တစ်ရာပြည့်ဗိုလ်ချုပ်ကြေး ရုပ်တု ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌက ဦးမြတ်သူကျော်က ကန့်ကွက်ကြောင်း ပြောတာဖြစ်ပါတယ်။

"နှစ် ၁ဝဝ ပြည့် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်ကြေးရုပ်လုပ်တာကနော် ခေါင်းစဉ်စတည်လာတာကိုက ဗိုလ်ချုပ် နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် ကြေးရုပ်တု၊ အဲလိုလုပ်ပြီးတော့ ဗိုလ်ချုပ်ရဲ့စိတ်ဓါတ်များ ရှင်သန်ထွန်းကားရေးဆိုတာမျိုးနဲ့ သွားတာဖြစ်တဲ့အတွက် ဒီအစိုးရအဖွဲ့က သူတို့မှာသူတို့ အခုမှလုပ် ချင်တယ်ဆိုတာ သူတို့အပိုင်းဖြစ်မှာပဲ၊ ခေါင်းစဉ်ချင်းမတူတဲ့အတွက် ကျနော်တို့က လက်ခံလို့မရဘူးလို့ပဲ ညှိနှိုင်းတယ်၊ ပြန်ဖြေကြားရတာပါ"

အစိုးရရဲ့ သီးသန့်အစီအစဉ်နဲ့ ဆောင်ရွက်မယ်ဆို ကန့်ကွက်မှာ မဟုတ်ကြောင်းနဲ့ မိမိတို့ ရာပြည့် ကော်မတီက ဦးဆောင်ပြီး ထုလုပ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ပြန်လည်ပြုပြင် မယ်ဆိုတဲ့ အချက်ကို လက်မခံခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။

တနင်္ဂနွေနေ့အစိုးရ ရုံးပိတ်ရက်ဖြစ်တဲ့အတွက် ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောထားကိုတော့ RFA ကဆက်သွယ်မေးမြန်းလို့မရပါဘူး။

ပြည်နယ်အစိုးရအဖွဲ့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ကို မြစ်ကြီးနားမြို့ မန္တလေးကျောင်းတိုက်ကနေ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက လာရောက်သယ် ယူသွားတာဖြစ်ပါတယ်။ လက်ရှိမှာ ပြည်နယ်အစိုးရအဖွဲ့ က ကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းပြီး မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံ အနီးက အစိုးရပိုင် မြေကွက် လပ်မှာ လာမဲ့ ပြည်ထောင်စုနေ့အမီ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နဲ့ ရင်ပြင်တည် ဆောက်ဖို့အတွက် စီစဉ်နေတာဖြစ် ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တစ်ရာပြည့်အထိမ်းအမှတ် ကြေးရုပ်တုကို အများပြည်သူထည့်ဝင်ငွေ ကျပ်သိန်းပေါင်း နှစ်ရာကျော်နဲ့ ထုလုပ်ခဲ့ပြီး စိုက်ထူဖို့ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းက စပြီး ကော်မတီဖွဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.