အမျိုးသမီး ဝါရင့် သတင်းထောက် အသက် ၁ဝ၅ နှစ် အရွယ်မှာ ကွယ်လွန်



ကမ္ဘာ တလွှားက ပဋိပက္ခ အခြေအနေ တွေ အကြောင်း ကိုယ်တိုင် ကွင်းဆင်း သတင်း ရယူ ခဲ့
ကမ္ဘာပေါ်မှာ သတင်းထောက် အဖြစ် စတင် လုပ်ဆောင် ခဲ့တဲ့ အမျိုးသမီး တွေထဲက တစ်ယောက် ဖြစ်တဲ့ ဝါရင့် ဗြိတိသျှ စာနယ်ဇင်း သမား Clare Hollingworth တစ်ယောက် အသက် ၁ဝ၅ နှစ် အရွယ်မှာ ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ် စတင်စ အချိန် မှာပဲ Clare Hollingworth ရဲ့ သတင်းထောက် ဘဝ အစပျိုး ခဲ့တာ ဖြစ်ပါတယ်။

ပိုလန်ကို ဂျာမနီ ဝင်တိုက်တဲ့ သတင်း လန်ဒန်ကို ရောက်လာတာဟာ Clare Hollingworth မျက်မြင် ကြုံတွေ့ရတဲ့ အခြေအနေ တွေကို ပေးပို့ လိုက်တဲ့ သတင်း ဖြစ်ပါတယ်။

နောက်ပိုင်းမှာလည်း ကမ္ဘာ တလွှားက ပဋိပက္ခ အခြေအနေ တွေ အကြောင်း ကိုယ်တိုင် ကွင်းဆင်း သတင်း ရယူ ခဲ့ပါတယ်။

ပါလက်စတိုင်း ပြဿနာ အကြောင်း သတင်း ရယူ နေတဲ့ Clare Hollingworth ဟာ ၁၉၄၆ ခုနှစ် ဂျေရူဆလင် မြို့တော်မှာ ရှိနေတုန်း ကင်းဒေးဗစ် ဟိုတယ် ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရမှု ထဲ အသက်မသေပဲ လွတ်မြောက် ခဲ့ပါတယ်။

၁၉၈၀ ပြည့်ကျော် နှစ်တွေက စလို့ Clare Hollingworth ဟာ ဟောင်ကောင် မှာပဲ အခြေစိုက် နေထိုင် ခဲ့ပြီး လွန်ခဲ့တဲ့ ၃ လ ကမှ ဟောင်ကောင်မှာ ရှိတဲ့ နိုင်ငံခြား သတင်းထောက်များ ကလပ်မှာ အသက် ၁ဝ၅ နှစ် မွေးနေ့ ဆင်နွှဲ ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.