အမေရိကန်တပ်တွေ ပိုလန်နိုင်ငံမှာ စ ချ



 ထောင်နဲ့ချီတဲ့ တပ်ဖွဲ့တွေ ပိုလန်မှာ ချထားဖို့ရှိ
နေတိုးအဖွဲ့ရဲ့အရှေ့ဖက်ခြမ်းနယ်နိမိတ်မှာ ချထားမယ့် အမေရိကန်တပ်ဖွဲ့ သုံးထောင်ထဲက ပထမဆုံးအသုတ် အခုပိုလန်နိုင်ငံကို ရောက်ရှိလာပါတယ်။

အဲဒီအထဲမှာ တင့်ကား အစီး ၈၀ ကျော်နဲ့သံချပ်ကာယာဉ် ရာနဲ့ချီပြီး ပါဝင်ပါတယ်။

စစ်အေးကာလပြီးချိန်ကစလို့ အမေရိကန်ရဲ့ စစ်အင်အားအများဆုံး ဖြန့်ကျက်ချထားတာလည်း ဖြစ်ပါတယ်။

ရုရှားရဲ့ ရန်လို ခြိမ်းခြောက်မှုကို စိုးရိမ်နေတဲ့ နေတိုးမဟာမိတ်တွေ စိတ်အေးရအောင် သမ္မတအိုဘားမားက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားဖက်ကတော့ အမေရိကန်ရဲ့ စစ်အင်အားချထားမှုဟာ ရုရှားရဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လိုက်တာပဲလို့ ပြောပါတယ်။ ဥရောပ နိုင်ငံမဟုတ်တဲ့ နိုင်ငံတစ်နိုင်ငံ ပါဝင် ပတ်သက်လာတာဟာ ရုရှားအကျိုးစီးပွားကို ပိုပြီး ထိခိုက်စေတယ်လို့လည်း ပြောခဲ့ပါတယ်။

ပိုလန်ဒုတိယကာကွယ်ရေးဝန်ကြီး Tomasz Szatkowski ကတော့ နေတိုးတပ်တွေချထားဖို့လိုပါတယ်လို့ ဆိုပါတယ်။

သူတို့နယ်စပ်နဲ့ ကပ်ပြီး ရုရှားစစ်သား တစ်သိန်းကျော်နဲ့ စစ်ရေးလာလေ့ကျင့်တာမျိုး ရှရှားရဲ့ ရန်လိုတဲ့ အသံ၊ ရန်လိုတဲ့ လုပ်ရပ်တွေကြောင့် လိုအပ်တာပါလို့ သူက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.