လုပ်ခလစာ အပြည့်အ၀ရရှိရေးအတွက် BRT ယာဉ်မောင်းတွေ ကုမ္ပဏီနဲ့ ညှိနှိုင်း


ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ BRT ယာဉ်တစ်စီးကို တွေ့ရစဉ်
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ BRT ယာဉ်တစ်စီးကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA
ရန်ကုန်မြို့ပေါ် ပြေးဆွဲခဲ့တဲ့ BRT Lite ယာဉ်လိုင်း က ယာဉ်မောင်းတွေဟာ ရန်ကုန်ဘတ်စ်ကား အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီ YBPC ကနေ လုပ်ခ လစာငွေကျပ် ၃ သိန်းအပြည့်အ၀ရရှိဖို့အတွက် မင်္ဂလာဒုံမြို့နယ် အလုပ်သမား အငြင်းပွားမှုဆိုင်ရာ ညှိနှိုင်းစစ်ဆေးရေး အဖွဲ့က တာဝန်ရှိသူတွေ၊ ကုမ္ပဏီဘက်က တာဝန်ရှိသူတွေနဲ့ ဒီနေ့ ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ဘူးလို့ ယာဉ်မောင်း တွေက ပြောပါတယ်။

ယာဉ်မောင်းတွေ တောင်းဆိုတာတွေကို လာရောက်ညှိနှိုင်းတဲ့ ကုမ္ပဏီ တာဝန်ရှိသူတွေက ဆုံးဖြတ်ချက်ချပေးနိုင်ခြင်း မရှိသေးဘဲ ထပ်မံညှိနှိုင်းသွားဖို့ပဲ သဘော တူခဲ့ကြတယ်လို့ BRT Lite ယာဉ်လိုင်းက ယာဉ်မောင်း ကိုအောင်ဇော်ထက် က ပြောပါတယ်။

" ကျနော်တို့ ယာဉ်မောင်းတွေ ကိုယ်စားကိုယ်စားလှယ် ၆ ဦးက ဒီကုမ္ပဏီက လူကြီးတွေနဲ့ အလုပ်သမားဝန်ကြီးဌာန လူကြီးတွေရှေ့မှာ ကျနော်တို့ အခြေခံလစာ ၃ သိန်း၊ အလုပ်ချိန် ၈ နာရီထက်ကျော်တဲ့ဟာကို အချိန်ပို ( OT ) ၊ ပြီးရင်း ထမင်းတနပ်ကြေးဆိုတဲ့ စနစ်ကိုပေးဖို့အတွက်ကို ယာဉ်မောင်းတွေဘက်ကနေ တောင်းဆိုးတယ်ဗျ၊ ကျနော်တို့ရဲ့ တင်ပြတောင်းဆိုချက်တွေကို BRT ကို တင်ပြပေးပြီးတော့ BRT ကနေပြီးတော့ ခွင့်ပြုချက် ရတယ်၊ မရဘူးကို ကျနော်တို့ နောက်ထက် ၅ ရက်နေ့ ရုံးချိန်းတစ်ချိန်း ထပ်ချိန်းလိုက်ပါတယ်။ "

အဲဒီယာဉ်လိုင်းက ယာဉ်မောင်းတွေဟာ တစ်လ လစာငွေကျပ် ၃သိန်း ရရှိရမှာဖြစ်ပြီး လက်ရှိမှာ ကုမ္ပဏီဘက်က လစာပေးတဲ့အခါ တစ်လကို ၂၆ ရက် အလုပ်ချိန်ပြည့်မှသာ ၂ သိန်း ၆ သောင်းပေးတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အလုပ်ပျက်ရက်တွေ ရှိလာရင်လည်း တစ်ရက်ကို လစာထဲက ငွေ ၁ သောင်းကျပ် ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး ရန်ကုန်မြို့မှာ BRT ယာဉ်လိုင်းတွေကို နေ့စဉ် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ကနေ ပြည်လမ်းမကြီးအတိုင်း လှည်းတန်း၊ ဆူးလေ၊ ဗိုလ်တထောင်အထိ အမှတ် ၁၊ ၂၊ ၃ ဆိုပြီး လိုင်းခွဲ ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။

အဲဒီယာဉ်လိုင်းမှာ ယာဉ်အစီးရေ ၆၅ စီးရှိပြီး ပုံမှန်ပြေးဆွဲနေတဲ့ အစီးရေ ၅၀ ကျော်နဲ့ ဝန်ထမ်းဦးရေ ၇၀ ကျော် ရှိပါတယ်။

အဲ့ဒီယာဉ်လိုင်းဟာ စပယ်ယာမပါဘဲ ယာဉ်မောင်းတစ်ဦးတည်းသာပါဝင်ပြီး ယာဉ်လိုင်းအားလုံး တစ်ဦးကို ယာဉ်စီးခ ငွေ ၃၀၀ ကျပ် သတ်မှတ်ထားပြီး ငွေပေး ကဒ်စနစ်နဲ့ ပေးချရတာဖြစ်ပါတယ်။
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.