BUS တော်လှန်ရေး ကာလအတွင်း မီးရထားခရီးစဉ် တိုးချဲ့ပြေးဆွဲ ၊ စီးနင်းသူများလာ


ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေး စနစ်ပြောင်းလဲချိန်တွင် မီးရထားစီးနင်း အသုံးပြုသူ ပိုမိုများပြားလာပြီး မီးရထားတွဲများကိုလည်း တိုးချဲ့ပြေး ဆွဲ ပေးလျက်ရှိကြောင်း သိရသည်။

“ဘက်စ်ကားလိုင်းတွေက ဘာမှန်းမသိသေးတော့ ရထားစီးတာက စိတ်ချမ်းသာသေးတယ်။ ရထားဘူတာကနေ လမ်းလျှောက်ရတာတော့ ရှိတာပေါ့။ ဒါပေမယ့် စိတ်မရှုပ်ရဘူးလေ၊ ကားလိုင်း အပြောင်းအ လဲကြောင့် ရထားပြောင်းစီးကြတယ် ထင်တယ်။ ရထားစီးတဲ့လူတွေ များလာတယ်” ဟု ဒဂုံမြို့နယ်အတွင်း နေထိုင်သူ ကိုမင်းမင်းက ပြောသည်။

သယ်ယူပို့ဆောင်ရေး စနစ် မပြောင်းလဲမီ ဇန်နဝါရီလ ၁၅ ရက်အထိ မီးရထား စီးနင်း အသုံးပြု သွားလာသည့် ခရီးသည်ဦးရေသည် ရန်ကုန်ဘူတာကြီး တစ်ဘူတာ၌ပင် ခရီးသည်ဦးရေ ၈,၀၀၀ ကျော်ရှိခဲ့ရာမှ ဇန်နဝါရီလ ၁၆ ရက်တွင် ရထားစီးခရီးသည် အရေအတွက် ၁၂,၀၀၀ ကျော် အထိ ရောက်ရှိလာကြောင်းလည်း မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်မှ စတင်ပြောင်းလဲလိုက်သည့် ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စနစ်သစ်တွင် ယခင်ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်မှ လိုင်းကားများကို ပြန်လည်စုစည်းပြီး လိုင်းပေါင်း ၇၀ ဖြင့် ယာဉ်လိုင်း ကြောင်းအသစ် ပြောင်းလဲပြေး ဆွဲပြီးနောက် ရထားစီး ခရီးသည်ပိုမိုများပြား လာခဲ့ခြင်းဖြစ်သည်။

“အရင်ကဘူတာမှာ ဒီလောက်လူမများဘူး။ အခုရထားစီးတဲ့ လူ တော်တော်များလာတယ်။ အန်တီက အရင်ကတည်းက ရထားစီးမှ အဆင်ပြေတော့ ရထားပဲစီးဖြစ်တာ။ အခုရထားစီးတဲ့လူလည်း များလာတယ်၊ ရထားတွဲတွေလည်း ရှည်လာတယ်” ဟု ကမာရွက်မြို့နယ်အတွင်း နေထိုင်သူ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

ဘက်စ်ကားလိုင်းများ စတင်ပြောင်းလဲ ပြေးဆွဲပေးသည့်နေ့တွင် ယာဉ်အရေအတွက်ထက် ခရီးသည် များနေခြင်းကြောင့် ခရီးသွားပြည်သူများ လိုက်ပါစီးနင်းရန် အခက်အခဲများ ရှိခဲ့ခြင်းကြောင့် မီးရထားခရီးကို ပြောင်းလဲအသုံးပြုသူ များလာခြင်း ဖြစ်သည်။

ဘတ်စ်ကား ပြုပြင်ပြောင်းလဲရေး တတိယမြောက်နေ့တွင် ပြည် လမ်းတစ်ကြော အင်းစိန်လမ်းတစ်ကြောမှာ အခက်ခဲ မရှိသော်လည်း မော်တင် ၊ သခင်မြ ပန်းခြံဘက် ရောက်ပါက ကားရှားပါး မှုကြောင့် မှတ်တိုင်တွင် စုပြုံနေမှုများ အနည်းငယ် ဆက်လက် ဖြစ် ပွားခဲ့သည်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့ရသည်။

“ဒီမှတ်တိုင်က ၅၇ လာရမယ့် နေရာလို့ ပြောတယ်။ အခုထိ မလာသေးဘူး။ စုံပြုံနေတယ်။ ဒါကြောင့် ကူညီရေး ကားတွေနဲ့ပဲ စီးနေရတယ်” ဟု မော်တင်မှတ်တိုင် မဟာဗန္ဓုလ လမ်းပေါ်တွင် ယနေ့ မနက်ပိုင်းက ဘတ်စ်ကား စောင့်နေသူက ပြောသည်။

မြို့ထဲ အဓိကလမ်းမ ၄ လမ်းတွင် မဟာဗန္ဓုလလမ်းမှာ တရားဝင် လိုင်းအဖြစ် သတ်မှတ်ထားသည့် ကားများ ပြေးဆွဲမှု နည်းပါးသည့် လမ်းဖြစ်နေပြီး အနော်ရထာလမ်းပေါ်တွင် ဘတ်စ်ကား အမှတ် ၅၈ ပြေးဆွဲမှု ရှိသော်လည်း ပုံမှန် လူမကျပ်သည့် နေ့လယ်ပိုင်းတွင် ဘတ်စ်ကားပေါ်တွင် လူကျပ်နေဆဲဖြစ်သည်။

ဘတ်စ်ကားစနစ်သစ်နှင့် ပတ်သက်၍ အသားကျစေရန် တစ်ပတ်ခန့် အချိန်ယူရမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောဆိုထားသည်။

ဇော်မင်းထွန်း
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.