အစ္စတန်ဘူလ်နှစ်ကူးတိုက်ခိုက်မှု IS လက်ချက်ဟု ၀န်ခံ


တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့က နိုက်ကလပ်တခုကို နှစ်သစ်ကူးနေ့က တိုက်ခိုက်တာဟာ သူတို့အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်လို့ IS အစွန်းရောက်အဖွဲ့က ဒီကနေ့ကြေညာပါတယ်။ အဲဒီဖြစ်ရပ်မှာ လူ ၃၉ ယောက်သေဆုံးပြီး ၇၀ လောက် ဒဏ်ရာရပြီးတော့ တိုက်ခိုက်သူ လွတ်သွားတာကြောင့် အာဏာပိုင်တွေ လိုက်ရှာနေပါတယ်။

Caliphate စစ်သည်တဦးက ဒီတိုက်ခိုက်မှုကို လုပ်တာလို့ IS အဖွဲ့ရဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

တိုက်ခိုက်မှုနဲ့ဆက်စပ်ပြီး လူရှစ်ယောက်ကို ဖမ်းထားပေမယ့် တကယ်ဝင်ပစ်တဲ့ သေနတ်သမားတွေ အဲဒီထဲမှာ မပါဘူးလို့ တူရကီ သတင်းမီဒီယာတွေက ဖော်ပြပါတယ်။

တနင်္ဂနွေနေ့မနက်ပိုင်း အစောကြီးမှာ သေနတ်သမားတဦးက Reina နိုက်ကလပ်အပြင်ဘက်မှာ ရဲတပ်ဖွဲ့ဝင်တဦးနဲ့ အရပ်သား တဦးကို ပစ်သတ်ပြီးတဲ့နောက် ကလပ်ထဲဝင်ပစ်တာပါ။ အခင်းဖြစ်ချိန်က ကလပ်ထဲမှာ လူ ၆၀၀ လောက်ရှိနေပြီး တချို့ကတော့ Bosporus ရေလက်ကြားထဲ ခုန်ချ ထွက်ပြေးကြပါတယ်။

သေနတ်သမားဟာ ကလပ်ထဲကနေ ထွက်ပြေးသူတွေကြားထဲ ရောပြီးတော့ လွတ်သွားတာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါဟာ ဆိုးသွမ်းရက်စက်တဲ့ တိုက်ခိုက်မှုတခုဖြစ်တယ်လို့ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်တခုထဲမှာ သမ္မတ Recep Tayyip Erdogan က ပြောပါတယ်။ တူရကီတနိုင်ငံလုံး အတူတကွ ရပ်တည်သွားမှာဖြစ်ပြီး အကြမ်းဖက်ဝါဒီတွေရဲ့ ကောက်ကျစ်တဲ့ လှည့်ကွက်ထဲ အကျခံမှာမဟုတ်ဘူးလို့ သမ္မတကဆိုပါတယ်။

ကမ္ဘာတ၀န်းက ခေါင်းဆောင်တွေကလည်း ဒီ တိုက်ခိုက်မှုကို ပြစ်တင် ရှုတ်ချကြပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.