အစ္စတန်ဘူ နိုက်ကလပ်ကို တိုက်ခိုက်သူသည် ဆီးရီးယား၌ IS များအတွက် တိုက်ပွဲဝင်ခဲ့သူ ဖြစ်နေ


ဇန်န၀ါရီ ၂ ရက်က  တူရကီရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သော ဓာတ်ပုံတွင် နိုက်ကလပ် တိုက်ခိုက်မှု၌ အဓိက သံသယရှိသူကို တွေ့ရစဉ် (၀ဲပုံ) Photo: AFP ၊ ဇန်န၀ါရီ ၂ ရက်က အစ္စတန်ဘူတွင် ပစ်ခတ်မှု ပြုလုပ်ခဲ့သူအား ရှာဖွေမှုအတွင်း ပါဝင်သည့် အထူးရဲတပ်ဖွဲ့ဝင် တစ်ဦး (ယာပုံ) Photo: AP

အစ္စတန်ဘူ နိုက်ကလပ်တွင် လူပေါင်း ၃၉ ဦးကို သေဆုံးစေခဲ့သည့် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သူသည် ဆီးရီးယား၌ IS များအတွက် တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး ပြည်တွင်းစစ်အတွင်း လေ့လာသင်ယူခဲ့သည့် နည်းစနစ်များကို အသုံးပြုခဲ့ကြောင်း အစီရင်ခံစာ တစ်ရပ်က ဇန်န၀ါရီ ၃ ရက်တွင် ဖော်ပြသည်။

မည်သူမည်ဝါဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ခြင်း မရှိသေးဘဲ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည့် တိုက်ခိုက်ရေးသမားသည် လက်နက်များ အသုံးပြုပုံကို ကောင်းစွာလေ့ကျင့် သင်ကြားခဲ့သူဖြစ်ကြောင်း လက္ခဏာရပ်များ တွေ့ရှိရသည်ဟု ဟာရီယတ် နေ့စဉ်သတင်းစာက ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်ရေး သမားသည် ဇန်န၀ါရီ ၁ ရက် အစောပိုင်း နှစ်သစ်ကူး အကြိုညတွင် ရေနာနိုက်ကလပ် အတွင်းသို့ ၀င်ရောက်ပြီး ကလက်ရှ်နီကော့ဗ်ရိုင်ဖယ်ဖြင့် ကျည်ဆန်ပေါင်း ၁၂၀ ခန့် ပစ်ခတ်ပြီးနောက် ညအမှောင်ထဲသို့ ၀င်ရောက်ပျောက်ကွယ် သွားခဲ့သည်။

IS အစွန်းရောက် အဖွဲ့က ယင်းသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ဇန်န၀ါရီ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ရာ တူရကီနိုင်ငံအတွင်း အဓိက တိုက်ခိုက်မှု နောက်ကွယ်၌ ရှိကြောင်း ပထမဆုံး ထုတ်ဖော်ပြောကြားမှု ဖြစ်ခဲ့သည်။

ဟာရီယတ် သတင်းစာ၏ ပင်တိုင်ဆောင်းပါရှင် အဗ္ဗဒူကာဒါဆယ်ဗီက စုံစမ်းစစ်ဆေးသူများသည် တိုက်ခိုက်ရေးသမားကို ဗဟိုအာရှဒေသမှ လာခြင်းဖြစ်ကြောင်း အဓိကထား စဉ်းစားလျက် မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီဟု ပြောကြားခဲ့သည်။

ထိုသူသည် ဆီးရီးယားရှိ လူနေဒေသများအတွင်း လမ်းပေါ်တိုက်ပွဲများ၌ လေ့ကျင့်သင်ကြားခဲ့သူဖြစ်ပြီး ယင်းနည်းစနစ်များကို ယခု တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည်ဟု ဆိုသည်။ အဆိုပါ တိုက်ခိုက်ရေးသမားသည် လက်ဖြောင့်သေနတ်သမားကဲ့သို့ ပစ်ခတ်ခြင်းထက် သေနတ်ကို တင်ပါးဘေးတစ်ဖက်၌ ထားလျက် အမြန်ပစ်ခတ်ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်ရေးသမားသည် ယင်းတိုက်ခိုက်မှုကို ဆောင်ရွက်ရန် အထူး ရွေးချယ်ခြင်း ခံထားရသူလည်း ဖြစ်သည်ဟု ဆိုသည်။

တူရကီ ဒုတိယ၀န်ကြီးချုပ် နူမန်ကက်အူမက်စ်က သက်ဆိုင်ရာ အာဏာပိုင်များသည် လက်ဗွေရာ အချက်အလက်များ ရရှိထားပြီး မည်သူမည်ဝါဖြစ်ကြောင်း အလျင်အမြန် ဖော်ထုတ်နိုင်ရန် မျှော်လင့်ကြောင်း ဇန်န၀ါရီ ၂ ရက်က ပြောကြားခဲ့သည်။

ဆယ်ဗီက ယခုအချိန်၌ ဦးစားပေး လုပ်ငန်းမှာ တိုက်ခိုက်မှု ကျူးလွန်သူကို ဖမ်းဆီးရန်နှင့် နောက်ထပ်တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရေးအတွက် အဆိုပါ တိုက်ခိုက်ရေးသမားကို ကျောထောက်နောက်ခံ ပြုပေးထားပုံရသည့် လျှို့ဝှက်အဖွဲ့ကို ဖော်ထုတ်ရန်ဖြစ်ကြောင်း ရေးသားခဲ့သည်။

“ဒီအထူးလေ့ကျင့်ထားတဲ့ အကြမ်းဖက်သမားကို အခုထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။ သူက ကျွန်တော်တို့ကြားမှာ အန္တရာယ်ကြီးစွာ လျှောက်သွားနေတုန်းပါပဲ” ဟု ဆယ်ဗီက ရေးသားခဲ့သည်။

Ref: AFP
Eleven Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.