ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံး မပေးနိုင်တဲ့အတွက် NLD ပါတီ အားလျော့နိုင်

NLD ပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ကို ဇန်နဝါရီလ ၃ ရက်နေ့ကတွေ့ရစဉ် NLD ပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ကို ဇန်နဝါရီလ ၃ ရက်နေ့ကတွေ့ရစဉ်
Photo: Win Ko Ko Latt/RFA
 လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လို့မရတာကြောင့် ပါတီအတွက် အားလျော့သွားတယ်လို့ ပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။

ဒီနေ့ နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ နိုင်ငံရေးပါတီ ၂၃ ပါတီ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ တွေ့ဆုံပွဲအပြီးမှာ ဦးဝင်းထိန် က သတင်းထောက်တွေကို ပြောတာဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး တာဝန်တွေယူထားတဲ့အတွက် အခြေခံဥပဒေအရ မဲဆွယ်စည်းရုံးခွင့်မရှိ တာဖြစ်ပါတယ်။

လာမယ့် ဧပြီ ၁ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်း/ပြည်နယ်လွှတ်တော် စုစုပေါင်း လစ်လပ်နေရာ ၁၉ နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ကယားပြည်နယ် ဖရူဆိုမဲဆန္ဒနယ် အမှတ်(၁) နေရာအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ထံ သတ်မှတ်ချိန်အတွင်း မပေးပို့နိုင်ခဲ့တာကြောင့် အဲဒီနေရာမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့တာဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.