စင်ကာပူနိုင်ငံ PSB Academy မှ MBA ၊ စီးပွားရေးမဟာသိပ္ပံဘွဲ့နှင့် အင်ဂျင်နီယာလုပ်ငန်းစီမံခန့်ခွဲမှု ဆိုင်ရာ မဟာသိပ္ပံဘွဲ့များ အကြောင်း ဆွေးနွေးပွဲ ကျင်းပမည်


စင်ကာပူနိုင်ငံ PSB Academy တွင် တက်ရောက် ရယူနိုင်သည့် အင်္ဂလန်နှင့် သြစတေးလျ ထိပ်တန်း တက္ကသိုလ်များက စီးပွားရေးနှင့် အင်ဂျင်နီယာ မဟာဘွဲ့များ အကြောင်း ဆွေးနွေးပွဲကို PSB Academy ၏ မြန်မာနိုင်ငံ ဆိုင်ရာ ပညာရေး အကြံပေးအရာရှိဖြစ်သူ ဒေါ်ဟေမာစိုးမှ အသေးစိတ် ဆွေးနွေးပေး မည် ဖြစ်ကြောင်း သိရသည်။

ပညာရေးဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်၊ တနင်္ဂနွေနေ့၊ မွန်းလွဲ ၂း၀၀ မှ ၄း၀၀ နာရီထိ AT&S (နိုင်ငံတကာ တက္ကသိုလ်ပညာရေး ၀န်ဆောင်မှု ကုမ္ပဏီ) ၏ ရုံးခွဲဖြစ်သော အမှတ် ၆၇ ၊ မြေညီထပ် (ယာ)၊ ဘုန်းကြီးလမ်း (အောက်ဘလောက်)၊ လမ်းမတော်မြို့နယ် ရုံးခန်းတွင် ကျင်းပ ပြုလုပ်မည်ဖြစ် သည်။

ဆွေးနွေးပွဲတွင် မာစတာဘွဲ့ဒီဂရီ အမျိုးမျိုး အကြောင်းအပြင် ကျောင်းဝင်ခွင့်ဆိုင်ရာ ပညာရေး လိုအပ်ချက်များ၊ အင်္ဂလိပ်စာ လိုအပ်ချက်များနှင့် အလုပ်အကိုင် အခွင့်အလမ်းများ အကြောင်းကို အသေးစိတ် ဆွေးနွေးပေးမည် ဖြစ်သည်။

မြန်မာနိုင်ငံ တက္ကသိုလ်များမှ ဘွဲ့ရရှိထားသူများသည် PSB Academy တွင် ၁၂ လ တက်ရုံဖြင့် University of Newcastle မှ ပေးအပ်မည့် စီပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့(MBA)၊ Edinburgh Napier University မှ ပေးအပ်မည့် စီးပွားရေး မဟာသိပ္ပံဘွဲ့ (MSc Business Management) နှင့် အင်ဂျင်နီယာ ဘွဲ့ဒီဂရီ ရရှိသူများအတွက် Coventry University မှ ပေးအပ်မည့် Master of Science in Engineering Business Management များကို ရရှိနိုင်မည် ဖြစ်ကြောင်း PSB Academy ၏ မြန်မာနိုင်ငံဆိုင်ရာ ပညာရေး အတိုင်ပင်ခံက ပြောသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ရန် စိတ်ဝင်စားသူ မိဘများ၊ ကျောင်းသား၊ ကျောင်း သူများ အနေဖြင့် ကြိုတင် စာရင်းပေး၊ မေးမြန်းလိုပါက AT & S (နိုင်ငံတကာ တက္ကသိုလ် ပညာရေးဝန်ဆောင်မှု ကုမ္ပဏီ) ရုံးများဖြစ်သော အမှတ် ၆၇ ၊ မြေညီထပ် (ယာ)၊ ဘုန်းကြီးလမ်း (အောက် ဘလောက်)၊ လမ်းမတော်မြို့နယ်၊ ဖုန်း ၀၉- ၅၀၆၂၁၇၁၊ ၀၉-၇၇၇၂၂၃၂၂၅၊ ) တို့သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

မောင်နိုး
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.