အစိုးရကုန်ကျစရိတ်နဲ့ YBS ယာဉ်တွေမှာ GPS တပ်ဆင်မည်


သတ်မှတ်လမ်းကြောင်းအတိုင်းမပြေးဆွဲတဲ့ ယာဉ်တွေကိုထိန်းချုပ်နိုင်ဖို့ YBS ယာဉ်တွေမှာ
GPS စနစ် တပ်ဆင်ပြီးထိန်းချုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု
အာဏာပိုင်အဖွဲ့က စီစဉ်နေတယ်လို့ သိရပါတယ်။

ယာဉ်တွေမှာ GPS တပ်ဆင်ပြီး သတ်မှတ်လမ်းကြောင်းအတိုင်းမပြေးတဲ့ ယာဉ်တွေကို သက်ဆိုင်ရာ
မြို့ရဲစခန်းနဲ့ပူးပေါင်းဖမ်းဆီးဖို့ YRTA ကစီစဉ်နေတာကို ယာဉ်ပိုင်ရှင်တွေကို အသိပေးထားတယ်လို့
စံဝေလအများပိုင်ကုမ္ပဏီ ဥက္ကဌ ဦးသန်းလွင်ကပြောပါတယ်။

အဲဒီလိုတပ်ဆင်ရာမှာ GPS တစ်ခုကို ငွေကျပ်(၂၅၀၀၀၀)ခန့်ကျသင့်မှာဖြစ်ပြီး ကုန်ကျစရိတ်ကိုတော့
အစိုးရအဖွဲ့ကကျခံမှာ ဖြစ်ပါတယ်။

တပ်ဆင်ပေးထားတဲ့ GPS စက်တွေကိုဖျက်ဆီးရင် ဖျက်ဆီးသူတွေကိုပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုနဲ့
အရေးယူမှာဖြစ်ပြီး ယာဉ်လိုင်းပိုင်ရှင်တွေက ပျက်ဆီးသွားတဲ့စက်တန်ဖိုးကိုပေးလျော်ရမှာ ဖြစ်တယ်လို့
ဦးသန်းလွင်ကပြောပါတယ်။

ရန်ကုန်မြို့တွင်းဘတ်စ်ကားသယ်ယူပို့ဆောင်ရေးစနစ်သစ်မှာ သတ်မှတ်စည်းကမ်း အတိုင်းလိုက်နာတဲ့
ယာဉ်လိုင်းတွေရှိသလို စည်းကမ်းချိုးဖောက်မှုတွေလည်းရှိနေတာကြောင့် YRTA ရုံးကို နေ့စဉ်မေးမြန်း
တိုင်ကြားမှု (၃၀၀)ကျော်ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- အင်တာနက်
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.