ရိုဟင်ဂျာပြဿနာဟာ မြန်မာ့ပြည် တွင်းရေးသက်သက်ဟု ကမ္ဘောဒီးယားပြော



နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် ဟွန်ဆင်တို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖနွမ်းပင်မြို့ Peace Palace မှာ တွေ့ဆုံစဉ်။ Photo: MOI Webportal Myanmar
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်က ရခိုင်ပြည်နယ်က မွတ်စလင် ရိုဟင်ဂျာပြဿနာဟာ မြန်မာနိုင်ငံ ရဲ့ ပြည်တွင်းရေးမျှဖြစ်တဲ့အတွက် နိုင်ငံတကာပြဿနာတစ်ခုအဖြစ် အဖြေရှာဖို့ ကြိုးပမ်းနေကြတာတွေကို ကမ္ဘောဒီးယားနိုင်ငံက လက်ခံမှာမဟုတ်ဘူးလို့ မနေ့က ပြောကြားလိုက်ပါတယ်။

ဖနွမ်းပင်မြို့ကို ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ဝန်ကြီးချုပ် ဟွန်ဆင်က အခုလို ပြောကြားခဲ့တာဖြစ်တယ်လို့ ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။

အာဆီယံ ပဋိဥာဏ်မှာ တခြားအဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုဖို့ ပြဌါန်း ထားပါတယ်လို့လည်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်က ပြောကြားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်တို့ဟာ ကမ္ဘောဒီးယားနိုင်ငံကို ၄ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်နဲ့ သောကြာနေ့က စတင်ရောက်ရှိနေပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.