ဖားကန့်-လုံးခင်းတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် ကားပေါ်မှ တပ်မတော်အရာရှိတစ်ဦးက လူထုအခြေပြုမူးယစ် ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အား သေနတ်ထုတ် ခြိမ်းခြောက်ခဲ့ဟု ဆို

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါရွာအကျော် မှော်ပုံကျေးရွာ အလွန် တွင် လူထုအခြေပြုမူးယစ် ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ နှင့် မှော်ပုံ အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ဖေဖော်ဝါရီ ၉ ရက်က မူးယစ်ဆေးဝါးများ ဖမ်းဆီးစဉ် ကံဆီးဗျူဟာမှ အရာရှိဆိုသူက သေနတ်ဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ် ခဲ့ကြောင်း ဒေသခံများထံမှ သတင်းပေးပို့လာသည်။

“သတင်းကြားတာနဲ့မှော်ဘုံကျေးရွာအုပ်ချုပ်ရေးရုံးနဲ့
လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နဲ့ သတင်းအရ ပူးပေါင်း ပြီးတော့ ကျွန်တော်တို့ မှော်ဘုံကျေးရွာအထွက်မှာ ၀င်ရှာတော့ တိုက်ဂါး နှစ်ခန်းတွဲ ခဲရောင်နဲ့ တွေ့လိုက်တာ ကားကတော့ လူသုံးယောက်ပေါ့ သေနတ်ချိန်ထားတဲ့ သူက ကံဆီးဗျူဟာက G2 သူတို့က သေနတ်နဲ့တခါတည်းချိန်လိုက်တာ ကျွန်တော်တို့ လူတွေကိုချိန်တာ G2ကို နာမည်မေးတော့ နာမည်လဲပြန်မဖြေ
မကျေနပ်လို့ ရှိရင် ဗျူဟာကို တက်လာခဲ့ ဗျူဟာမှာ ရှင်းကြမယ်ပေါ့။
အဲ့လိုပြောတော့ နောက်ဆုံးကျတော့ ကျွန်တော်တို့လူတွေ အားလုံးကနေပြီးတော့ သူ့ကို ၀ိုင်းပြီး အကြပ်ကိုင်တော့ နောက်ဆုံးကျတော့ တောင်းပန်တာပေါ့
သေနတ်နဲ့ ချိန်ပြီး နောက်ပိုင်းမှာ ရဲတွေလည်း ရောက်လာတော့ တောင်းတောင်းပန်ပန်နဲ့
ပြန်သွားတာ မကျေနပ်လို့ရှိရင်
ဗျူဟာမှာဖြေရှင်းလို့ ရတယ်ဆိုပြီး ပြောသွားလိုက်သေးတယ်” ဟု
ပြည်သူလူထုအခြေပြုမူးယစ်
ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးက The Ladies သို့ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လုံးခင်းစခန်းမှုးထံ The Ladies မှ ဖေဖော်ဝါရီ ၉ ရက် ညနေ ၅နာရီ ၂၉ မိနစ်တွင် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ သတင်းမှားယွင်း နေကြောင်း
မူးယစ်ဆေးဝါး ဖမ်းမိသည်မှာ မှန်ကန်ကြောင်း ယခုပင် အမှုဖွင့်ရန် ဆောင်ရွက်နေသဖြင့် နောက်မှသာ ဖုန်းပြန်လည်ခေါ်ဆိုရန် ပြောဆိုခဲ့သည်။ ယင်းနောက် ည၈နာရီကျော်တွင်
စခန်းမှုးအား ဖုန်းပြန်လည်ဆက်သွယ်ရာ ဖုန်းပြန်လည်ဖြေကြားခြင်း မရှိတော့ပေ။

လုံးခင်းအုပ်ချုပ်ရေးမှုးထံ သို့ The Ladies မှဆက်သွယ်မေးမြန်းရာတွင်
မူးယစ်ဆေးဝါးများ ဖမ်းမိသည်မှာ မှန်ကန်ကြောင်း
ရဲစခန်းတွင်လည်း အမှုဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“အမှုဖွင့်တာတော့ မူးယစ်ဆေးဝါးမှုနဲ့ဖွင့်တာ ၊ဒါပေမယ့်
ကံဆီးဗျူဟာကတို့ ဘာတို့တော့ မပါဘူး
၊ လက်နက်ကိစ္စလည်း မပါဘူး၊ ဒီအတိုင်း မူးယစ်ဆေးအမှုနဲ့ပဲ ဖွင့်တာ” ဟု
လုံးခင်းအုပ်ချုပ်ရေးမှုးက The Ladies သို့ ပြောသည်။

ယင်းကဲ့သို့သော အလားတူကိစ္စရပ်များတွင် ဌာနဆိုင်ရာများထံ အတည်ပြုချက် ရယူပါက သတင်းအမှန်သိရှိရမည် မဟုတ်ဘဲ ဒေသခံများထံမှသာ သတင်းအမှန်သိရှိရမည်ဖြစ်ကြောင်း
ပြည်သူလူထုအခြေပြုမူးယစ် ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က တစ်ဦးက The Ladies သို့ပြောဆိုခဲ့သည်။

ZMT

The Ladies News

ဓါတ်ပုံ -
မှော်​ဘုံအုပ်​ချုပ်​​ရေးအဖွဲ့နှင့်
လူထုအ​ခြေပြုမူယစ်​တိုက်​ဖျက်​​ရေးအဖွဲ့တို့မှ
Tigerခဲရောင်​ToYoTa ကားတစ်​စီးအားရှာ​ဖွေစဉ်​ ရာမ YW ​ဆေးပြား၊ နံပါတ်​4၊
ဘိန်းစိမ်း များကို စစ်​​ဆေး​တွေ့ရှိစဉ်
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.