ဦးကိုနီလုပ်ကြံခံရမှု နောက်ဆက်တွဲကို သမ္မတရုံးကသာ သတင်းထုတ်ပြန်မည်



( ဓါတ်ပုံ - ရန်ကုန်လေဆိပ်မှာ ဇန်နဝါရီလလ ၂၉ ရက်နေ့ ညနေက လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို တွေ့ရစဉ် )
အန်အယ်လ်ဒီ ဥပဒေရေးရာ အကြံပေး၊ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့အမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တဲ့အခါ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်မှာမဟုတ်ဘဲ နိုင်ငံတော်သမ္မတ ရုံးကသာ ထုတ်ပြန်သွားမယ်လို့ သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

ရှေ့နေဦးကိုနီ လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီလ ၃၀ နဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွေက သမ္မတရုံးကနေ နှစ်ကြိမ်တိုင်တိုင် သတင်းထုတ်ပြန်ခဲ့ပြီး နောက်ထပ်လည်း ထုတ်ပြန်သွားမယ်လို့ သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

"ကျွန်တော်တို့ နောက်ဆုံးထုတ်ထားတယ်၊ နောက်ဆက်တွဲသတင်းပေါ့၊ နောက်ထပ်လည်း ထုတ်ဖို့ရရင် ထုတ်ပေးမယ်၊ ပြည်ထဲရေးကမဟုတ်ဘူး၊ ကျွန်တော်တို့ ထုတ်နေတယ်၊ သမ္မတရုံးက ထုတ်နေတယ်"

အဲဒီအမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က သတင်းကွင်းဆက်ရရှိရေးအတွက် ဆောင်ရွက်နေပြီး ဘာသာရေးနဲ့ လူမျိုးရေး သွေးထိုးလှုံ့ဆော်တာတွေကို သတိပြုကြဖို့အတွက်လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရှေ့နေဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံခရီးစဉ်ကအပြန် ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.