မောင်တောဒေသ အရပ်သားထိခိုက်မှု အစိုးရ ထုတ်ပြန်


ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကနေစပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၃ ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရခဲ့သလို ၅ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းနဲ့ ပြန်ကြားရေးက စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

 ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ် မောင်တော ဒေသအတွင်းမှာရှိတဲ့ နယ်စပ်လုံခြုံရေးစခန်းတွေကို လက်နက်ကိုင်အဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ လုံခြုံရေးရဲ ၉ ဦးနဲ့ စစ်သား ၅ ဦးသေဆုံးခဲ့ရပြီး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အောက်တိုဘာလ ၁၀ ရက်နေ့ကနေစပြီး ဒေသတွင်းမှာ ကာဖြူအမိန့်ထုတ်ပြန်ခဲ့ရပါတယ်။

အကြမ်းဖက်မှုတွေဖြစ်ပွားပြီးတဲ့နောက် ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၃ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ တဖွဲ့ကို အစိုးရ ဖွဲ့စည်းခဲ့ပါတယ်။

ဒါပေမယ့်လည်း လူ့အခွင့်အရေးချိုးဖောက်မှုအသစ်တွေရှိလာတယ်ဆိုပြီးတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့က လေ့လာတွေ့ရှိချက်အရ တင်ပြမယ့် အစီရင်ခံစာကို ထုတ်ပြန်ဖို့ ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.