ရိုးမသစ္စာ လမ်းဘေးထိုးကျ



 ရန်ကုန်-ကျောက်ဖြူကားလမ်းတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး လမ်းဘေးထိုးကျသွားသော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိ
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၂

ရန်ကုန်မှ ကျောက်ဖြူသို့ မောင်းနှင် လာသော ခရီးသည်တင် ရိုးမသစ္စာကားသည် ယနေ့နံနက်က ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာ အနီးတွင် လမ်းဘေးအုတ်ခုံနှင့် တိုက်မိပြီး လမ်းဘေးထိုးကျသွားခဲ့သော်လည်း ခရီးသည် တစ်စုံတစ်ယောက်မျှ ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

“ ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်မှာ လက်ဝဲဘက် တံတာအုတ်ခုံကို ၀င်တိုက်ပြီး လမ်းဘေးကို ထိုးကျသွားတယ်။ ကားက တိမ်းစောင်းရုံ တိမ်းစောင်ပြီး တစ်စီးလုံး တိမ်းမှောက်မသွားတဲ့ အတွက်ခရီးသည်တွေ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး” ဟု ယဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်မောင်မောင်ထွန်း ကပြောသည်။


ကားပေါ်တွင် ခရီးသည် ၁၃ ဦးသာ ပါရှိလာပြီး မောင်လာသော ကားဒရိုင်ဘာမှာ ရမ်းဗြဲမြို့မှ ဦးသန်းထွန်း ဖြစ်ကြောင်း သိရှိရသည်။

ဒရိုင်ဘာအိပ်ငိုက်ရာမှ ယခုလို အုတ်ခုံကို တိုက်မိဖွယ်ဖြစ်နိုင်ကြောင်း ခရီးသွားတစ်ဦးက ပြောဆိုသည်။

ကျော်ဝင်း၊ ကျောက်ဖြူ
Narinjara
https://www.facebook.com/Narinjara
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.