ဦးကိုနီလုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေကြုံတွေ့ရင် ရဲတပ်ဖွဲ့ကို အကူအညီတောင်းခံနိုင်တယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆို


ရှေ့နေဦးကိုနီနဲ့ အငှားယာဉ်မောင်းဆရာ ဦးနေ၀င်းတို့ သေနတ်ပစ်ခတ်ခံရမှုဖြစ်ပွားပြီးနောက်မှာ သေနတ်သမား ကြည်လင်းရဲ့ မိသားစုဝင်တွေ၊ အရင်ကသိကျွမ်းခဲ့ဖူးသူတွေကို မီဒီယာတွေမှာ မေးမြန်းရေးသားနေတာတွေရှိနေပါတယ်။ ဒီလိုဖော်ပြရာမှာ ကာယကံရှင်တွေရော၊ သတင်းရေးသားသူတွေပါ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုတွေ ကြုံတွေ့ရင် ရဲတပ်ဖွဲ့ကို အကူအညီတောင်းခံနိုင်တယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောပါတယ်။

လက်ရှိမှာလည်း ဒီအမှုနဲ့ပတ်သက်ပြီး အမျိုးမျိုးဝေဖန်ရေးသားနေတာတွေရှိနေပေမယ့် အခုအချိန်အထိတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့ ဇန်န၀ါရီလ (၂၉)ရက်နောက်ပိုင်းကစပြီး သေနတ်သမားကြည်လင်းရဲ့ မိသားစုဝင်တွေ၊ သူနေထိုင်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် စိုင်းလျားရွာက ဒေသခံတွေ၊ ပြစ်မှုမကျူးလွန်ခင် တည်းခိုသွားတဲ့ ဘုန်းကြီးကျောင်းက ဆရာတော်တွေ၊ ထောင်ထဲမှာရှိခဲ့စဉ်တုန်းက ရန်ကုန်မြို့လယ်မှာ လုပ်ကြံသတ်ဖြတ်မှုတစ်ခု ကမ်းလှမ်းခံခဲ့ရဖူးတယ်လို့ ကြည်လင်းနဲ့ ထောင်ထဲမှာ တွေ့ဆုံခဲ့ဖူးတဲ့ အကျဉ်းသားဟောင်းတစ်ဦးနဲ့ တွေ့ဆုံမေးမြန်းမှုတွေ စတာတွေကို သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြနေတာဖြစ်ပါတယ်။

Ctedit - 5 plus news
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.