ရန်ကုန်၊ ဖေဖော်ဝါရီ ၁ – သြစတြေးလျနိုင်ငံ မဲဘုန်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကြိုဆိုထောက်ခံပွဲမှာ အကယ်ဒမီစိုးမြတ်သူဇာ၊ ခိုင်သင်းကြည်နဲ့ အရိုင်းဦး ဆောင်တဲ့ လူရွှင်တော်အဖွဲ့ က အငြိမ့်ကပြ ဖျော်ဖြေခဲ့ကြပြီး တေးသံရှင်ဆောင်းဦးလှိုင်ကလည်း တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေပေးခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုသစ် ပေါ်ထွန်းလာနိုင်ရေးတို့အတွက် နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်ပြုလုပ်နေတဲ့ ပြည်ထောင်စုညီလာခံကြီး အောင်အောင်မြင်မြင် ဖြစ်စေချင်တာကြောင့် မဲဘုန်းမြို့ရောက် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးစည်းလုံးညီညွတ်စွာနဲ့ ကြိုဆိုထောက်ခံကြတာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကောင်မီတီဝင် ဦးဝင်းထိန်ထံမှ နှုတ်ခွန်းဆက်အမှာစကား ဗွီဒီယိုဖိုင်ပေးပို့ခဲ့ပါတယ်။

အခမ်းအနားအစီအစဉ်တွေကတော့ပထမပိုင်းမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြိုဆို ထောက်ခံပွဲ ၊ဒုတိယပိုင်းမှာ အငြိမ့်အစီအစဉ်နဲ့ နောက်ပိုင်းအစီအစဉ်မှာတော့ ဆောင်းဦးလိုင်ရဲ့တစ်ကိုယ်တော်ဖျော်ဖြေမှုတို့ပဲ ဖြစ်ပါတယ်။
တက်ရောက်လာကြတဲ့ တိုင်းရင်းသားအသီးသီးကလည်းသူတို့ရဲ့သဘောထားတွေနဲ့အတူတိုင်းရင်းသားရိုးရာအကတွေနဲ့ ဖျော်ဖြေခဲ့ကြတယ်လို့သိရပါတယ်။
အခမ်းအနားဖြစ်မြောက်ရေးအတွက် အဓိကတာဝန်ယူဆောင်ရွက်ခဲ့ကြတဲ့ အဖွဲ့တွေကတော့ ချင်း၊ ဇွန်မီး ၊ မွန် ၊ ရှမ်း ၊ ကယန်း ၊ ကရင်စတဲ့ တိုင်းရင်းသားတွေနဲ့ NLD Solidarity Association (Australia)အမျိုး သားဒီမိုကရေစီအဖွဲ့ ချုပ်မိတ်ဆွေများအသင်း ၊(သြစတြေးလျ )မြန်မာ့နိုင်ငံရေး တက်ကြွလူပ်ရှားသူတွေနဲ့ တစ် သီးပုဂ္ဂလ တွေက စုပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
အခမ်းအနားကို တက်ရောက်သူစုစုပေါင်းကတော့ လူ၅၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။ အခမ်းအနားမှာ အလှူငွေတွေ ကောက်ခံခဲ့ပြီးရရှိတဲ့ အလှူငွေတွေကို ကချင်စစ်ဘေးသင့် ဒေသများကို လျူဒါန်းသွားမယ်လို့ သိရပါတယ်။
Author ခတ္တာဖြူ
photo ko kyi lwinhttp://www.kumudranews.com/art/%E1%81%82%E1%81%81-%E1%80%9B%E1%80%AC%E1%80%85%E1%80%AF%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%B6%E1%80%AF%E1%81%BE%E1%80%80%E1%80%AD%E1%80%B3%E1%80%86%E1%80%AD%E1%80%AF%E1%80%B1%E1%80%91%E1%80%AC/
COMMENTS