ဦးကိုနီ တယောက်ထဲနဲ့ ဆိုင်တာမဟုတ်ဘူး နိုင်ငံတော်ကို ခြိမ်းခြောက်တာ (ရုပ်-သံ)


ရန်ကုန်လေဆိပ်လိုနေရာမျိုးမှာ တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို အနီးကပ် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမှုနဲ့ ပတ်သက်ပြီး " အခုအဲကိစ္စက ဦးကိုနီ တယောက်ထဲနဲ့ ဆိုင်တာမဟုတ်ဘူး၊ နိုင်ငံတော်ကို ခြိမ်းခြောက်တာ ဖြစ်သွားနိုင်တယ်"လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်အောင်မြင့်က ပြောကြားလိုက်ပါတယ်။ သူဟာ အရင် ဦးသိန်းစိန်အစိုးရလက်ထက် ပထမလွှတ်တော်သက်တမ်းမှာ အမျိုးသားလွှတ်တော်ဥက္ကဌ ဖြစ်ခဲ့ပါတယ်။

လတ်တလော အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး "သေနတ်ကြီးချိန်တဲ့ ဓါတ်ပုံကြီးက တက်လာတယ်၊ ဒီဓါတ်ပုံက မတော်တဆ ရိုက်မိတဲ့ ဓါတ်ပုံတော့ မဖြစ်နိုင်ဘူး၊ တမင်ခိုင်းပြီးတော့ နောက်တယောက်က ရိုက်ထားပြီးတော့မှ ဒါခြိမ်းခြောက်တဲ့ သဘောမျိုးပေါ့၊ တွေ့တယ်မို့လားကွ ဆိုတာမျိုး၊ လန့်ကုန်အောင်ပေါ့၊ လုပ်ပုံအရ ဒါကရှုပ်ထွေးတဲ့ သဘောတော့ ရှိတယ်"လို့ သူ့ရဲ့ အမြင်ကို သုံးသပ်ပြောဆိုပါတယ်။

"ဒီလိုအချိန်မှာ သတင်းသမားတွေရော၊ Facebook သုံးတဲ့သူတွေရော အရမ်းလျှောက်မရေးဖို့ လိုတယ်? တိုင်းပြည်ကို ချစ်ရင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို မြတ်နိုးတယ်ဆိုရင်ပေါ့။ စောင့်ကြည့်နေရမယ်၊ ဒါကိုတော့ ရအောင်ဖော်ထုတ်သင့်တယ်"လို့ ဦးခင်အောင်မြင့်က ပြောကြားသွားပါတယ်။

ရိုက်ကူး - နေဖြိုးဝင်း
DVB TV - 02.02.2017
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.