ဖေဖော်ဝါရီ ၅ ၊ ၂၀၁၇
ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၀ နာရီ ၄၀ အချိန်တွင် မူဆယ်မြို့နယ် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်း၊ မော်တောင်းကျေးရွာနှင့် တာလုံကျေးရွာကြား နမ့်ဖာတန် ရွာလမ်းခွဲ မိုင်တိုင် (၂၆၉/၅) ၌ စနက်တံ ၂ ချောင်း ဝါယာကြိုး ၄ ချောင်း၊ ဘတ်တ္ထရီပက် ၁ ခုတို့ဖြင့် တွဲလျက် ကော်ဖြင့်ပြုလုပ်ထားသည့် ရှေ့ထွက်မိုင်း ၁ လုံးနှင့် ၄၀ မမ ဗုံးသီး ၁ လုံးတို့အား တွေ့ရှိခဲ့သည်။
အဆိုပါ မိုင်းအား မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
COMMENTS