ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲဖြစ်



ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း လှုပ်ရှားနေတဲ့ TNLA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။Photo: Kan Thar/RFA
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ထဲက TNLA တအာန်းပလောင်အဖွဲ့တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကွတ်ခိုင်မြို့နယ် မုန်းစီးရွာနားက ပန်ဆပ်ရွာနဲ့ ကျောက်မြန်းရွာကြားမှာ ဖြစ်ပွားခဲ့တာလို့ TNLA အဖွဲ့က ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။

''မနေ့က ညနေ ၄ နာရီခွဲကနေ ၅ နာရီလောက် နာရီဝက်လောက်ကြာတာပေါ့နော်၊ ဖြစ်တဲ့နေရာ ကတော့ ကွတ်ခိုင်မြို့နယ် မုန်းစီးအနီးက ပန်ဆပ်ရွာနဲ့ ကျောက်မြန်းရွာကြားမှာဖြစ်တာ၊ မြောက်ပိုင်း မဟာမိတ် ကျနော်တို့ တပ်နဲ့ဖြစ်တာပါ၊ တပ်မတော်ဘက်က တပ်မ ၇၇ လက်အောက်ခံတပ်တွေလို့ သိရတယ်''

မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲက KIA အဖွဲ့ကို အစိုးရနဲ့ ရန်ကုန်မှာ သီးသန့်တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ငြိမ်းချမ်းရေးကော်မရှင်က စာပေးပို့ထားကြောင်း KIA က ဗိုလ်ချုပ် ဂွမ်မော်က မကြာသေးခင်ရက်ပိုင်း က ပြောထားပါတယ်။

ကျန်တဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ကိစ္စကတော့ မထူးခြားသေးဘူးလို့ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်ကြတဲ့ KIA၊  MNDAA၊  TNLA နဲ့ AA အဖွဲ့တို့ဟာ NCA တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.