ပထမဆုံး မြန်မာ အလွတ်စုံထောက် ကုမ္ပဏီထူထောင်


မြန်မာ အလွတ်စုံထောက်ကုမ္ပဏီထူထောင်

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံး အလွတ်စုံထောက်လုပ်ငန်း ကို စစ်တပ်အရာရှိဟောင်း၊ ရဲအရာရှိဟောင်းကြီးတွေ ၊ စီအိုင်ဒီအရာရှိဟောင်းကြီးတွေနဲ့ တရားသူကြီးဟောင်းတွေပူးပေါင်းဖွဲ့စည်းလိုက်ပါတယ်။

အလွတ်စုံထောက်အဖွဲ့ကို မြန်မာပထမ အလွတ်စုံထောက်လုပ်ငန်းကုမ္ပဏီ လီမိတက် လို့ နာမည်ပေးထားပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာ၊ ကိုယ်ရေးကိုယ်တာဆိုင်ရာ စုံစမ်းထောက်လှမ်းချင်တဲ့ ကိစ္စတွေကို အခကြေးငွေယူဆောင်ရွက်ပေးမှာဖြစ်သလို ရဲတပ်ဖွဲ့ကိုလည်း ကူညီလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အလွတ်စုံထောက်လုပ်ငန်း ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးဌေးညွန့်က ဘီဘီစီကို ပြောပါတယ်။

ကုမ္ပဏီကို ကျပ်သိန်း ၅၀ မတည်ရင်းနှီးထူထောင်ထားတယ်လို့လည်း ဆိုပါတယ်။

အလွတ်စုံထောက် အဖွဲ့ အနေနဲ့ အခုအခါမှာ အမှု သုံးခုကို လက်ခံထားပြီး နှစ်မှုက လင်မယားပြဿနာနဲ့ ပတ်သက်တဲ့ အမှုတွေလို့ ဆိုပါတယ်။
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.