ဦးကိုနီ လုပ်ကြံခံရမှုအပါအ၀င် လူသတ်ဝါဒအန္တရာယ် သိမြင်လာစေရန် ဆွေးနွေးပွဲကျင်းပ


ဥပဒေပညာရှင်ဦးကိုနီ လုပ်ကြံခံရမှုအပါအ၀င် လူသတ်ဝါဒ အန္တရာယ်ကိုပြည်သူများ ကျယ်ပြန့်စွာ သိမြင်လာစေရန် ဆွေးနွေးပွဲတစ်ခု ယနေ့ ဖေဖော်ဝါရီလ ၂ ရက်တွင် ကျင်းပခဲ့သည်။

ဆိုရှယ် ဒီမိုကရက်တစ် ညီညွှတ်ရေးတပ်ဦးက ဦးဆောင်ပြီး ဇန်န၀ါရီလ ၂ ရက်နေ့တွင် “လူသတ်ဝါဒ ဆန့်ကျင်ကြ ”ဆိုသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး အများပြည်သူလုံခြုံရေးအကြောင်း ဆွေးနွေးခဲ့သည်။

လက်ရှိအစိုးရလက်ထက်တွင် အများပြည်သူလူထုအားလုံးလုံခြုံရေးနဲ့ပတ်သက်ပြီး ဦးကိုနီအသတ်ခံရမှုက မီးမောင်းထိုးပြနေသည်ဟု ငြိမ်းချမ်းရေးနဲ့လုံခြုံရေး ဆိုင်ရာသုတေသန ပညာရှင် ဒေါ်ခင်မမမျိုးကဆွေးနွေးပွဲတွင် ပြောသည်။

“ ဒါလည်းလုံခြုံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပဲပေါ့နော်။ ကျွန်မတို့ တစ်ခုတော့ ဒီဖြစ်ရပ်တွေထဲကနေ မီးမောင်းထိုးပြစရာရှိတာက အများပြည်သူလူထု အားလုံးကဆိုရင် လုံခြုံရေးနဲ့ပန်သက်ပြီး အစိုးရအဖွဲ့များ အပါအ၀င် မည်သူမဆို အန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးပေါ့လေ။ အဲဒါအတွက်ကိုဆိုရင် အမြဲတမ်းအားလုံးမှာ လိုအပ်တယ်” ဒေါ်ခင်မမမျိုးက ပြောသည် ။

ဆွေးနွေးပွဲတွင် ဒေါ်ခင်မမမျိုး ၊ဦးထွန်းဦး၊ ဦးအောင်မိုးဇောနှင့် ကိုကျော်ကိုကို တို့က ဥပဒေပညာရှင်ဦးကိုနီ သတ်ခံရခြင်းနှင့် ပတ်သက်ပြီး အဓိကဆွေးနွေးသွားခဲ့ကြသည်။ “ဒီလိုမျိုးနိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှုကို ကျနော်တို့နှလုံးသားထဲကကိုခါးခါးသီးလက်မခံဘူးဆိုတာကို ပြသချင်တယ်။ အဲဒီအတွက် ကျနော်တို့ ဒီပွဲကို ကျင်းပတာပါ”ဟု ပွဲကျင်းပသူ ကိုကျော်ကိုကိုက ပြောသည်။

NLD ဥပဒေအကြံပေးဦးကိုနီသည် ဇန်နဝါရီ ၂၉ ရက်၊ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အပြင်ဘက်တွင် သေနတ်သမားတစ်ဦး၏ အနီးကပ်ပစ်ခတ်လုပ်ကြံခြင်းခဲ့ရသည်။

===========

Mizzima - News in Burmese

http://www.mizzimaburmese.com/article/23101
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.