အရှေ့တရုတ်ပင်လယ်ကျွန်းစုကိစ္စ ကန်-တရုတ် ကတောက်ကဆ



တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lu Kang
တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ ကြေညာထားတဲ့ ကျွန်းစုဟာ အမေရိကန်နဲ့- ဂျပန် ၂ နိုင်ငံ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် အောက်မှာ ရှိနေတယ်လို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီး Jim Mattis ရဲ့ ပြောကြားချက်ဟာ နောက်ပိုင်းမှာ အရှေ့အာရှဒေသ တည်ငြိမ်ရေးအတွက် အန္တရာယ်ရှိအောင် အမေရိကန်က လုပ်ဆောင်ချက်လို့ တရုတ်အစိုးရက စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

တရုတ်ဘက်က Diaoyu လို့ခေါ်ပြီး ဂျပန်ဘက်က Senkaku လို့ခေါ်တဲ့ ကျွန်းစုဟာ သေးငယ်တဲ့ လူမနေတဲ့ ကျွန်းကလေးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ဒီကျွန်းစုကို တရုတ်က ပိုင်ဆိုင်တယ်လို့ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lu Kang က ထပ်မံ အတည်ပြု ပြောကြားခဲ့သလို ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွါးနေတဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ မှတ်ချက်ပေးပြောဆိုမှုတွေ အမေရိကန် ဘက်က ရပ်တံ့ပေး ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ကြေညာချက်ထဲမှာတော့ ဒေသတွင်း အခြေနေ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်တာနဲ့ ဒီပြဿနာကို ရှုပ်ထွေးအောင် လုပ်ဆောင်မှုတွေကို အမေရိကန်ဘက်က ရှောင်ရှားသင့်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lu Kang ရဲ့ ပြောဆိုချက်ကို ဖေါ်ပြထားပါတယ်။

သောကြာနေ့မှာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တွေ့ဆုံစဉ်အတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Mattis က ဂျပန်အစိုးရ အုပ်ချုပ်ချုပ်မှု အောက်မှာရှိတဲ့ ဒီကျွန်းတွေ အပါအဝင် ဒေသအားလုံးဟာ ၂ နိုင်ငံ ကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက်ထဲမှာ အကြုံးဝင်တယ်လို့ ပြောကြားခဲ့ကြောင်း ဝန်ကြီး Mattis ရဲ့ ပြောကြားချက်ကို ကိုးကားပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့တာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.