လယ်ဝေးမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြောခဲ့ရာနေရာတွင် အမြင့် ၉ ပေရှိ ဗိုလ်ချုပ်ကြေးရုပ်တု စင်တင်အခမ်းအနားကျင်းပ

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စင်တင်သည့် အခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၁ နာရီအချိန်တွင် နေပြည်တော် လယ်ဝေးမြို့နယ်၏ အချက်အခြာကျသည့် လယ်ဝေးဈေးရှေ့လမ်းဆုံတွင် ကျင်းပခဲ့ပါသည်။

စင်ပေါ်တွင် လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးတို့မှ မူလီအား အပြီးသတ်တပ်ဆင်ခဲ့ပြီး လယ်ဝေးမြို့နယ် ပြည်သူများ၊ ကျောင်းသူကျောင်းသားများမှ အလေးပြုဂါရ၀ပြုကြပါသည်။

“ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်၏ အလေးချိန်မှာ ကြေးပိဿာချိန် ၃၀၀ ကျော်ရှိပြီး အမြင့် ၉ ပေ တန်ဖိုးအားဖြင့် သိန်း ၁၃၀ အကုန်အကျခံ၍ သွန်းလုပ်ခဲ့ခြင်းဖြစ်ပါတယ်”ဟု လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက ပြောပါသည်။

“ရည်ရွယ်ချက်ကတော့ လယ်ဝေးမြို့နယ်မှာရှိတဲ့ ပြည်သူ ပြည်သားတွေက လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အလေးအမြတ်ထားကျေးဇူးဆပ်ချင်ကြတဲ့အတွက် ဗိုလ်ချုပ်ကြေးရုပ်က မြို့လူထုရဲ့ မတည်ငွေအင်အားနဲ့ အကောင်အထည်ဖော်ဆောင်ခြင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသည် အနှိုင်းမဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် မြို့တိုင်းမှာ ရှိသင့်ပါတယ်။ နောင်လာနောင်သားတွေ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို ဗိုလ်ချုပ်ဦးဆောင်ပြီးရယူခဲ့ကြောင်းကို အမှတ်ရစေချင်တဲ့အတွက် လယ်ဝေးမြို့နယ်မှာ အခုလို ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူနိုင်ခြင်းအတွက် ပီတိဖြစ်မိပါတယ်” ဦးမျိုးဇော်ဦးက ပြောပါသည်။

ကြေးရုပ်တုကို ထုလုပ်ခဲ့သူမှာ ပန်းပုပညာရှင် ဦးအောင်ကျော်ထွန်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါ၇ီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့ နံနက် ၇း၃၀ နာရီမှာ စတင်မှာ ဖြစ်ပါကြောင်း။ ၁၀၂ ပြည့် မွေးနေ့အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနား၌ လယ်ဝေးမြို့နယ် လမ်းမကြီးတလျှောက်တွင် နိဗာန်ဈေးပွဲတော်ကြီး ကျင်းပမည်ဖြစ်ပြီး ၁၃ ရက် တညလုံး မန္တလေးမြို့က စိန်ဒူးဝါး မင်္ဂလာဆိုင်းဝိုင်းနဲ့ ဖျော်ဖြေပါမယ်ဟု ဦးမျိုးဇော်ဦးက ပြောပါသည်။

ယခု ကြေးရုပ်တည်ရှိရာ ရပ်ကွက် ၄၊ ၅၊ ၆ ဆုံသည့် အလယ် လယ်ဝေးဈေးအနီး တော်လှန်ရေးကာလ ဗိုလ်ချုပ်မိန့်ခွန်းပြောခဲ့သည့်နေရာဖြစ်ကြောင်း ဒေသခံတဦးက ပြောပါသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.