ဝေလငါး ၄၀၀ ကျော် နယူးဇီလန်မှာသောင်တင်



နယူးဇီလန်မှာ သောင်လာတင်နေတဲ့ ဝေလငါးတွေ။ (ဖေဖော်ဝါရီ ၁၀-၂၀၁၇)
New Zealand နိုင်ငံက ဝေးလံတဲ့ ပင်လယ်ကမ်းခြေတခုဆီကို အမြောက်အများသောင်တင် လာတဲ့ ဝေလငါးတွေရေထဲပြန်သွားနိုင်အောင် လုပ်အားပေးအများအပြားက သောကြာနေ့က ကူညီကယ်ဆယ်ပေးခဲ့ကြပါတယ်။ South ကျွန်းရဲ့ မြောက်ဖက်စွန်းက Farewell Spit ဆိုတဲ့ ကမ်းခြေပေါ်မှာ ဝေလငါး အကောင် ၄၀၀ ကျော် သောင်တင်နေ တာကို တွေ့ခဲ့ကြပါတယ်။

သောကြာနေ့မနက်ကျမှ တွေ့ကြချိန်မှာ Pilot အမျိုးအစား ဝေလငါး ၇၅% လောက် သေဆုံးနေကြပါပြီ။ ဝေလငါးအကြီးတွေ၊ သားပေါက်လေးတွေရဲ့ အလောင်းတွေကိုလည်းကိုက်ရာချီအဝေးမှာ တွေ့ခဲ့ကြပါတယ်။

အသက်ရှင်နေသေးတဲ့ ဝေလငါး ၁၄၀ လောက်ကို ကယ်ဆယ်နိုင်ဖို့ ဒေသခံတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေပါတဲ့ လုပ်အားပေး ရာနဲ့ချီက သောကြာနေ့က ဝိုင်းဝန်းကြိုးစားခဲ့ကြတာပါ။

New Zealand ကမ်းခြေပေါ် ဝေလငါးအမြောက်အများ သောင်တင်တာ အခုတခါ အရေအတွက် အများဆုံးဖြစ်တယ်လို့ Auckland တက္ကသိုလ်က အဏ္ဏဝါ ဇီဝဗေဒပညာရှင်တွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.