ကွင်းဆက်တရားခံအောင်ဝင်းဇော်ရဲ့သာကေတရှိ နေအိမ်ကိုတိုင်းရဲတပ်ဖွဲ့ကတိုက်ရိုက် စောင့်ကြည့်နေ


ကွင်းဆက်တရားခံအောင်ဝင်းဇော်ရဲ့သာကေတရှိ နေအိမ်ကိုတိုင်းရဲတပ်ဖွဲ့ကတိုက်ရိုက် စောင့်ကြည့်နေ

ဖေဖော်ဝါရီ ၅။ရန်ကုန်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေးဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုရဲ့ ကွင်းဆက်တရားခံအဖြစ် ဖမ်းဆီးခံထားရသူ အောင်ဝင်းဇော်ရဲ့သာကေတမြို့နယ်(၁)ထူပါရုံရပ်ကွက် ထူပါရုံ၁၆လမ်းအရှေ့ရှိ နေအိမ်ကို တိုင်းရဲတပ်ဖွဲ့က တိုက်ရိုက် လာရောက်စောင့်ကြည့်နေတယ်လို့သိရပါတယ်။
အဆိုပါထူပါရုံ၁၆ လမ်း ရှိနှစ်ထပ်တိုက်ဟာ အောင်ဝင်းဇော်ရဲ့ နေအိမ်ဖြစ်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အတည်ပြုပြောပါတယ်။

အောင်ဝင်းဇော်ရဲ့နေအိမ်ကို ရဲအင်အားအပြည့်အစုံနဲ့လာရောက်စစ်ဆေးမှုများပြုလုပ်ပြီးတဲ့နောက်မှာ နောက်ပိုင်းမှာသော့ခတ်ထားတာဖြစ်တယ်လို့ ထူပါရုံ ၁၆လမ်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ကပြောပါတယ်။
အဆိုပါနေအိမ်ကို လွန်ခဲ့တဲ့ ၄ရက် ၅ရက်မှာ ရဲများ စစ်ဆေးမှုများပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ဒေါ်မေရီက ပြောပါတယ်။

‘’ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်မရှိဘူး။မိသားစု ၃ယောက် ရှိတယ်။ကားနဲ့ ပဲ ၀င်ထွက်တာလုပ်တယ်။အမြဲ သော့ပိတ်ထားတယ်။”လို့ ဒေါ်မေရီက ပြောပါတယ်။
ပတ်ဝန်းကျင် နဲ့ အဆက်အဆံ မရှိပဲ အရင်က မြေကွက်လပ်နေရာကို လွန်ခဲ့တဲ့ နှစ် နှစ်ကျော် သုံးနှစ်နီးပါး လောက် မှ အိမ်ဝယ်ပြီး ဆောက်ခဲ့တာဖြစ်တယ်လို့ ဒေါ်မေရီက ဆက်ပြောပါတယ်။
အဆိုပါ ကွင်းဆက်တရားခံ အောင်ဝင်းဇော် ရဲ့ နေအိမ်ကို ရဲများ ၀င်ရောက် စစ်ဆေးတာ စောင့်ကြည့်တာနဲ့ ပတ်သတ်ပြီး သာကေတမြို့မရဲစခန်းအနေနဲ့ မသိရှိခဲ့ဘူး လို့ ရဲမှူး ကျော်ဝင်းကပြောပါတယ်။

“တိုင်းရုံးက ပဲ လုပ်ဆောင်တာ။စခန်းအနေနဲ့ မသိရှိဘူး။”လို့ ရဲမှူးကျော်ဝင်းကပြောပါတယ်။

အောင်ဝင်းဇော်ရဲ့နေအိမ် မှာ အသက် ၄၂နှစ်အရွယ်ဇနီးဖြစ်သူနဲ့ အသက် ၁၉နှစ်အရွယ် သားတစ်ဦးတို့ နဲ့ နေထိုင်တာကြတာဖြစ်တယ်လို့ သိရပါတယ်။
ဇန်န၀ါရီလ ၂၉ ရက်နေ့ က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥပဒေအကြံပေးဦးကိုနီဟာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဦးဖေမြင့်ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့နဲ့  အတူသွားရောက်ခဲ့တဲ့ အင်ဒိုနီးရှား ခရီးစဉ်အပြန် ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့  အနီးကပ်ပစ် သတ်ခံခဲ့ရတာဖြစ်ပါတယ်။

လုပ်ကြံသူဦး ကြည်လင်းကို ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက၀ိုင်းဝန်း ဖမ်းဆီးခဲ့ကြရတဲ့အပြင် အငှားယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ဦးနေ၀င်း ဟာလည်း သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။
ဇန်န၀ါရီလ ၃၀ ရက်နေ့ က ဦးကိုနီ လုပ် ကြံခံရမှုမှာ ပူးပေါင်းပါဝင်ခဲ့တယ်ဆိုတဲ့ တရားခံလို့ ယူဆရသူ ဦး အောင်ဝင်းဇော်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့  နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီိလ ၃ ရက်နေ့ မှာ သတင်းထုတ်ပြန်ကြေညာထားပါတယ်။

မို့မို့သန္တာ

Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.