အမျိုးသမီးငယ်တစ်ဦးကို နေအိမ် ဆိုင်အတွင်း ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်


ဖေဖော်ဝါရီ ၁၀

မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်တွင် နေအိမ်ဆိုင်အတွင်းသို့ဝင်၍ အမျိုးသမီးတစ်ဦးအား ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်သွားမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်၊ နယ်မြေ ၆ ၊ မြို့ပတ်လမ်းရှိ နေအိမ် အမှတ် (---)တွင်နေထိုင်သော ဦးဒဗလျူခေါင်လတ်သည် ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်က ညီနှစ်ဦးနှင့်အတူ မြစ်ကြီးနားမြို့ ၊မြေမြင့်ရပ်ကွက်၌ ဦးလေးဖြစ်သူဖွင့်လှစ်ထားသော၊ ရွှေပန်းတိမ်ဆိုင်သို့ အလုပ်ဆင်းရန် နေအိမ်နှင့်ဈေးဆိုင်ခန်းတို့ကိုသော့ခတ်၍ သွားခဲ့ကြောင်းသိရသည်။


ရွှေပန်းတိမ်ဆိုင်သို့ရောက်ရှိချိန်တွင် ပန်းတိမ်ဆိုင်နေအိမ်တွင်နေထိုင်သည့် ညီမဝမ်းကွဲ မလိဆန်ပန်သည် ဦးဒဗလျူခေါင်လတ်ထံမှ အိမ်သော့ယူ၍ နေအိမ်ဈေးဆိုင်အား ဖွင့်လှစ်ရောင်းချရန် သွားခဲ့သည်ဟု မြစ်ကြီးနားမြို့နယ်ရဲစခန်းမှ ရရှိသောအချက်အလက်များအရ သိရသည်။

ညနေ ၅ နာရီခန့်တွင် ဦးဒဗလျူခေါင်လတ်၏ ညီနှစ်ဦးမှာ နေအိမ်သို့ အရင်ပြန်သွားရာ နေအိမ်သို့ပြန်လည်ရောက်ရှိချိန်တွင် မလိဆန်ပန်မှာ နေအိမ်ရှိဈေးဆိုင်အတွင်းတွင် ဓါးဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ဦးဒလျူခေါင်လတ်ထံ ဖုန်းဆက်အကြောင်းကြားခဲ့ရာ ဦးဒဗလျူခေါင်လတ်မှ နယ်မြေရဲစခန်းထံသို့ ဖုန်းဆက်တိုင်ကြားခဲ့ကြောင်း၊မလိဆန်ပန်မှာ ခန္ဓာကိုယ်အနှံ့အပြားတွင် ဓါးဒဏ်ရာစုစုပေါင်း ၁၉ ချက်ဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါအမှုအား မြစ်ကြီးနားနယ်မြေရဲစခန်းမှ အမှုကြီးအမှတ်စဉ် ၁/၂၀၁၇၊(ပ)၂၅/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း မြစ်ကြီးနားမြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။

သေဆုံးသူ မလိဆန်ပန်သည် ဗန်မော် သူနာပြု ကျောင်းဆင်းဖြစ်သည်။ယခင်က သူနာပြုတာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်ကြောင်း သိရပြီး ယခုအခါတွင် အဆိုပါအလုပ်ကို ဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ကြောင်းလည်း သေဆုံးသူနှင့် နီးစပ်သူအချို့ထံမှ သိရှိရသည်။

ဝေဖြိုးအောင်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.