မြန်မာပြည်မှာ တိုက်လေယာဉ် ထုတ်တော့မည်


 JF-17 အမျိုးအစား တိုက်လေယာဉ်။ 
ပါကစ္စတန်နိုင်ငံက ထုတ်လုပ်တဲ့ JF ၁၇ ဘက်စုံတိုက်လေယာဉ်မျိုး မြန်မာပြည်တွင်းမှာ ထုတ်လုပ်ခွင့်နဲ့ ပတ်သက် ပြီးနဲ့ ပတ်သက်ပြီး ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ Jane’s ကာကွယ်ရေး အပတ်စဉ်ဂျာနယ်ကို မြန်မာလေတပ်နဲ့ နီးစပ်တဦးက ဇန်န၀ါရီလလယ်လောက်က ပြောဆိုတယ်လို့ မဂ္ဂဇင်းမှာ ရေးသားထားပါတယ်။

အခုတိုက်လေယာဉ်တွေဟာ ပါကစ္စတန်မှာ တရုတ်ကုမ္ပဏီနဲ့ ပူးတွဲထုတ်လုပ်တာဖြစ်ပါတယ်။ မြန်မာလေတပ် အနေနဲ့ တရုပ်လုပ် F-7M Air guard လေယာဉ်အမျိုးအစားနဲ့ A-5C Fantan တိုက်လေယာဉ်တွေကို ၁၉၉ဝ နှစ်များ အချိန်က ၀ယ်ယူသုံးစွဲနေတာဖြစ်ပြီး အခု ပထမဆုံးအကြိမ် ကိုယ်ပိုင်ထုတ်လုပ်ဖို့ ကြိုးစားနေတာပါ။ အဲဒီ JF-17 အမျိုးအစား တိုက်လေယာဉ်တွေဟာ လာမယ့် ဆယ်စုနှစ်တွေအတွင်း မြန်မာလေတပ်ရဲ့ အဓိက အင်အားဖြစ် လာလိမ့်မယ်လို့ ဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.