နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပုပ်ရဟန်းမင်းကြီး၏ အထူးကိုယ်စားလှယ်အားလက်ခံတွေ့ဆုံ

(၉-၂-၂၀၁၇ ရက်နေ့၊ နေပြည်တော်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ပုပ်ရဟန်းမင်းကြီး၏ အထူးကိုယ်စားလှယ် His Grace Comboy Archbishop Paul Tschang in-Nam အား ၈-၂-၂၀၁၇ ရက်နေ့ ၁၄း၀၀ နာရီတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်တွင် လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် ဗာတီကန် နှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်သွယ်ရေးထူထောင်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်နိုင်သည့်အလားအလာများ နှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်တို့နှင့် ပတ်သက်ပြီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

Myanmar State Counsellor Office
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.