မေယု FM ရပ်ပေးဖို့ တောင်းဆိုဆန္ဒပြကြ



( အစိုးရကထုတ်လွှင့်နေတဲ့ မေယု FM အသံလွှင့်အစီအစဉ်ကို ရပ်တန့်ပေးဖို့ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က မောင်တောမြို့မှာ ဆန္ဒပြတောင်းဆိုစဉ် )Photo: Aung Kyaw Min FB
ရခိုင်ပြည်နယ် မြို့နယ် ၃ ခုမှာ အစိုးရကထုတ်လွှင့်နေတဲ့ မေယု FM အသံလွှင့်အစီအစဉ်ကို ရပ်တန့်ပေးဖို့ အနည်းဆုံးမြို့နယ် ၄ခုမှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

နိုင်ငံသားမဖြစ်သေးသူတွေအတွက် အခုလို အစိုးရကလုပ်ပေးတာကို ကန့်ကွက်တာဖြစ်တယ်လို့ ဘူးသီးတောင်မြို့က ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုမောင်ဝင်းနိုင် က အခုလို ပြောပါတယ်။

ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ အစိုးရက မေယု FM အစီအစဉ်ကို ဖေဖေါ်ဝါရီလ ၁ရက်နေ့က စတင်ထုတ်လွှင့်နေတာဖြစ်ပြီး နယ်မြေအကန့်အသတ်နဲ့ လိုအပ်ချက်တွေရ ရခိုင်၊ ဗမာ၊ ဘင်္ဂါလီ ဘာသာစကား ၃ မျိုးနဲ့ ထုတ်လွှင့်နေတာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မေယု FM အစီအစဉ်ကို မြန်မာဘာသာ တမျိုးတည်းနဲ့ထုတ်လွှင့်မှသာ လက်ခံနိုင်မှာဖြစ်တယ်လို့လည်း ကိုမောင်ဝင်းနိုင် က ပြောပါတယ်။

မေယု FM ကို ရပ်ပေးဖို့ ဘူးသီးတောင်၊ တောင်ကုတ်၊ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ် အပါအဝင် မြို့နယ်တချို့မှာ ဆန္ဒပြကြတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.