ပြည်ထောင်စုနေ့ အခမ်းအနား NLD ပါတီ ရုံးချုပ်မှာ ကျင်းပ



ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးချုပ်မှာ ကျင်းပတဲ့ နှစ် (၇၀) ပြည့် ပြည်ထောင်စုနေ့ အခမ်းနားတွင် NLD အဖွဲ့ချုပ် နာယက သူရဦးတင်ဦးကို တွေ့ရစဉ်။ Photo: Thant Zin Oo/ RFA
တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု မရှိသရွေ့ နိုင်ငံတည်ငြိမ်မှု ရှိမှာမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦး က ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးချုပ်မှာ ကျင်းပတဲ့ နှစ် (၇၀) ပြည့် ပြည်ထောင်စုနေ့အခမ်း နားမှာ နာယက သူရဦးတင်ဦး က ပြောခဲ့တာဖြစ်ပါတယ်။

နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားတွေရဲ့ သဘောထား အမြင်တွေ မတူတာကို အသိအမှတ်ပြုပြီး အဲဒီ မတူညီမှုတွေကို စုစည်းညီညွတ်တဲ့ အင်အားအဖြစ် ပြောင်းလဲ စွမ်းဆောင်သွားမယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အုတ်မြစ်ချခဲ့တဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို ဆောင်ရွက်သွားမယ် လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ နိုင်ငံခြား သံတမန်တွေနဲ့ တိုင်းရင်းသား ပါတီတချို့က အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.