နာမည် တလုံးကြောင့် ဒုက္ခရောက်သူ


မြန်မာပြည်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူတွေနဲ့ နာမည်တူလို့ ဒုက္ခရောက်ရတဲ့ ဇာတ်လမ်းတွေ ရှိပါသလား။

အိန္ဒိယ နိုင်ငံသား ရေကြောင်း အင်ဂျင်နီယာ တယောက်ကတော့ နာမည်တလုံးကြောင့် အတော့်ကို ဒုက္ခရောက်ခဲ့ပါတယ်။

သူ့နာမည်က အီရတ် အာဏာရှင်ဟောင်း ဆာဒမ်ဟူစိန်နဲ့ တူနေလို့ပါ။ ကွပ်မျက်ခံခဲ့ရတာ ၁၀ နှစ် ကြာခဲ့ပြီ ဖြစ်ပေမယ့် ဆဒမ်ဟူစိန်ရဲ့ နာမည်ဟာ အိန္ဒိယက ရေကြောင်း အင်ဂျင်နီယာလေးကို လာ အရိပ်မည်း ထိုးနေဆဲ ဆိုရပါမယ်။

တက္ကသိုလ်မှာ စာတော်ခဲ့တဲ့ အာဏာရှင်မဟုတ်တဲ့ မောင်ကျောင်းသား ဆာဒမ်ဟူစိန်လေးဟာ ရေကြောင်းပညာရပ်နဲ့ ကျောင်းဆင်းပြီး သူ့ သူငယ်ချင်းတွေ အလုပ်ကိုယ်စီ ရသွားခဲ့ကြပေမယ့် သူကတော့ အလုပ်တွေရဲ့ အကြိမ်ကြိမ် ငြင်းဆန်ခြင်းကိုခံခဲ့ရပါသတဲ့။

သင်္ဘော ကုမ္ပဏီတွေက သူ့တို့ အလုပ်သမား တယောက်ရဲ့ နာမည်ဟာ ဆဒမ်ဟူစိန် ဆိုရင် နိုင်ငံတကာ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ စိစစ်မှုတွေမှာ အနှောင့်အယှက်ပေးနိုင်တဲ့ အတွက် ဒီနာမည်ကို ကြောက်ရွံ့နေကြတာပါ။

နောက်ဆုံးမှာတော့ ဒါဟာ သူ့နာမည်ကြောင့် ဖြစ်တယ်ဆိုတာကို တွက်မိသွားကာ သူ့နာမည်ကို ဆာဂျစ် ဆိုပြီး တရားရုံးမှာ တရားဝင် သွားပြောင်းခဲ့ပါတယ်။ ဒါကလည်း သူ့အတွက် အလုပ်ကံမလိုက်သေးပါဘူး။

အိန္ဒိယရဲ့ အထက်-အောက် ရှုပ်ထွေးတဲ့ အုပ်ချုပ်ရေးပုံစံ အဆင့်ဆင့်နဲ့ လုပ်ထုံးလုပ်နည်းတွေက နာမည်ပြောင်းမှုကို ကြန့်ကြာစေခဲ့သလို အလုပ်ရှင်တွေကလည်း သူ့ကို ငြင်းမြဲ ငြင်းနေခဲ့ပါတယ်။

နာမည်အသစ်နဲ့ အထောက်အထားတွေ ရပြန်တော့လည်း သူ့ ရဲ့ ပညာရေး မှတ်တမ်းတွေအားလုံးက ဆဒမ်ဟူစိန် နဲ့ ဖြစ်နေလို့ အလုပ် အတွက် ပညာရေး ထောက်ခံချက်မရနိုင် ဖြစ်ခဲ့ပါတယ်။

မနှစ် မေလ ၅ ရက်နေ့ နောက်ထပ် တရားရုံး တခုမှာ ဒီကိစ္စ ထပ်မံ ကြားနာပြီးနောက်မှာတော့ ကျောင်းမှတ်တမ်း နာမည်ကိုပါ ဖြည့်စွက် ပြောင်းလဲပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ဖိအားပေး နိုင်ခဲ့ပါတယ်။

ဆာဒမ်ဟူစိန် နာမည် ဂြိုဟ်မွှေ ခံရတာ ဟာ အိန္ဒိယက ဒီ ရေကြောင်းအင်ဂျင်နီယာလေး တယောက်တည်း မဟုတ်ပါဘူး။

အီရတ်က သတင်းစာဆရာ တယောက်ရဲ့ ဖခင်ဟာလည်း ဆဒမ်ဟူစိန်နာမည်ကြောင့် အစိုးရ အလုပ်ကနေ အလုပ် ဖြုတ်ခံခဲ့ရဖူးပါသတဲ့။

ဒီထက် ဆိုးတဲ့ ဆာဒမ်ဟူစိန် နာမည် ဇာတ်လမ်းတွေလည်း ရှိပါသေးတယ်။ ဒီနာမည်တူ ကြောင့် အာဏာရှင် ဆဒမ်ဟူစိန်ရဲ့ ဆန့်ကျင်ဘက် အဖွဲ့တွေကနေ သတ်ဖို့ ကြိုးစားခံရတဲ့သူတွေလည်း ရှိပါသတဲ့..။
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.