ရန်ကုန်မြို့၏ Water Taxi စနစ်ကို အာရှအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မည်ဟု တင်ဒါအောင်ကုမ္ပဏီ ပြော


မကြာမီစတင်တော့မည့် ရန်ကုန်မြို့၏ Water Taxi ပြေးဆွဲမှုကို အာရှတွင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဟု တင့်တင့်မြန်မာကုမ္ပဏီအုပ်စု စီမံ ကိန်းမန်နေဂျာ ဦးထွန်းနိုင်လင်းက News Watch သို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က Water Taxi များ ပြေးဆွဲနိုင်ရန် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် တင်ဒါခေါ်ယူခဲ့ရာ လျှောက်လွှာစောင်ရေ ၄၀ ကျော်အနက် ပြည်တွင်းကုမ္ပဏီနှစ်ခုသာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်တွင် တင်ဒါရွေးချယ်စိစစ်ခြင်းကို ဆောင်ရွက်ခဲ့ပြီး စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သည့် တင့်တင့် မြန်မာကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

''ဟန်ဂေရီနိုင်ငံရဲ့ IT နည်းပညာနဲ့ သြစတြေးလျနိုင်ငံရဲ့ Water Taxi စီမံ ခန့်ခွဲမှုရယ်၊ အဲဒီနည်းပညာနှစ်ခုကို ပေါင်းစပ်ပြီးတော့ ကျွန်တော်တို့က အာရှမှာ အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာပါ'' ဟု ဦးထွန်းနိုင်လင်းက ပြောသည်။

Water Taxi စီးနင်းခ၊ ဆိုက်ကပ်မည့်ဆိပ်ကမ်းများနှင့် ပြေးဆွဲမည့် သင်္ဘော အရေအတွက်တို့ကိုမူ ဧပြီလတွင် ပြုလုပ်မည့် ကုမ္ပဏီသတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူတဦးက ပြောသည်။

မြစ်တွင်းသွားရေကြောင်းသယ်ယူပို့ဆောင်ရေးအဖြစ် Water Taxi ပြေးဆွဲခြင်းကို လာမည့်မေလတွင် စတင်ပြေးဆွဲ ပြင်ဆင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က မီဒီယာများကို ပြောကြားထားသည်။

Water Taxi ပြေးဆွဲပါက လှိုင်မြစ်နှင့် ရန်ကုန်မြစ်တလျှောက်တွင် လှိုင်သာယာ-ပန်းဆိုးတန်းခရီးစဉ်အတွက် ဆိပ်ကမ်း ခုနစ်ခု၊ ငမိုးရိပ်ချောင်းတလျှောက်တွင် ဒဂုံမြောက်-ညောင်တန်းခရီးစဉ်အတွက် ဆိပ်ကမ်း ၁၁ ခုကို ရွေးချယ်ထားပြီးဖြစ်ကြောင်းနှင့် ဆိုက်ကပ်မည့် ဆိပ်ကမ်းများကို ပြီးခဲ့သည့်နှစ် သြဂုတ်လ အတွင်း လေ့လာထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံ မှ သိရှိရသည်။

နှင်းမောင်ဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.