"ဂျူဗင်တပ်စ်၊ မိုနာကိုတို့ ချန်ပီယံလိဂ် ဆီမီးတက်"


"ဘာစီလိုနာ ၀-၀ ဂျူဗင်တပ်စ်"
"မိုနာကို ၃-၁ ဒေါ့မန်"

ချန်ပီယံ ကွာတားဖိုင်နယ်ရဲ့ ဒုတိယအကျော့ပွဲတွေမှာ ဘာစီလိုနာက အိမ်ကွင်းမှာ ဂျူဗီကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့လို့ ကွာတားဖိုင်နယ်ကနေ ထွက်ခွာသွားရပြီဖြစ်ပါတယ်။ တစ်ဖက်ကပွဲမှာလည်း အဝေးကွင်းနိုင်ထား တဲ့ မိုနာကိုက ခြေစွမ်းပြပြီး ဒေါ့မန်ကို အိမ်ကွင်းမှာပဲ ၃ဂိုး-၁ဂိုးနဲ့နိုင်လို့ ဆီမီး ဖိုင်နယ်တက်ခဲ့ပါတယ်။
ဘာစီလိုနာ-ဂျူဗီပွဲမှာ ဘိုနူချီ၊ ခီလီနီ နောက်တန်းက အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ဘာစီလိုနာ ရှေ့တန်းတွေကို အခွင့်အရေးလုပ်ဝ မပေးခဲ့လို့ သရေကျခဲ့တာဖြစ်ပါတယ်။ နှစ်သင်းစလုံး အခွင့်အရေးတွေရကြသလို တန်ပြန်တိုက်စစ်ကစားတဲ့ ဂျူဗီက ဒုတိယပိုင်းမှာ ဂိုးရနိုင်ဖို့ရှိပေမယ့် မလိုအပ်ဘဲ လောနေလို့ ဘာစီလိုနာ ဂိုးမပေးခဲ့ရတာပါ။ ဒီပွဲဟာ ဂျူဗင်တပ်စ်ရဲ့ ခံစစ်ကို မှတ်ကျောက်တင်တဲ့ပွဲဖြစ်သလို ဘာစီလိုနာရဲ့ တောင်ပံတွေကို ပိတ်ထားနိုင်ခဲ့လို့ ဂျူဗင်တပ်စ်တို့ ဆီးမီးဖိုင်နယ်ကို ထိုက်ထိုက်တန်တန် တက်ခဲ့တာဖြစ်ပါတယ်။ မိုနာကိုနဲ့ ဒေါ့မန်ပွဲမှာတော့ မိုနာကိုက ဘက်ဘေ၊ ဖယ်လ်ကာအို၊ ဂျာမိန်းစ်တို့ရဲ့ ဂိုးတွေသွင်းခဲ့ပြီး ဒေါ့မန် အတွက် မာကိုရိုက်စ်က တစ်ဂိုးသွင်းလို့ ၃ဂိုး-၁ဂိုးနဲ့ ပြီးခဲ့ပါတယ်။
( ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲတွေ မဲနှိုက်ရေးဆွဲမှုကို သောကြာနေ့ ညနေပိုင်း မြန်မာစံတော်ချိန် ၄နာရီခွဲမှာ ပြုလုပ်မှာဖြစ်ပါတယ်။ )
BBC Burmese
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.