အစိုးရနဲ့ တဖွဲ့ချင်း မဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ဆုံးဖြတ်

 UWSP ဌာနချုပ် ပန်ခမ်းမှာ ဖေဖော်ဝါရီလ ၂၂ နေ့ကကျင်းပခဲ့တဲ့ NCA အပစ်ရပ်လက်မှတ်မရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးကို တွေ့ရစဉ် UWSP ဌာနချုပ် ပန်ခမ်းမှာ ဖေဖော်ဝါရီလ ၂၂ နေ့ကကျင်းပခဲ့တဲ့ NCA အပစ်ရပ်လက်မှတ်မရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးကို တွေ့ရစဉ်
Photo: Nyi Rang (facebook)
အထူးဒေသ-၂ ပန်ခမ်းမြို့မှာ ငါးရက်ကြာကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ခေါင်းဆောင်တွေ ရဲ့ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေးကနေ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမယ့် "နိုင်ငံရေးဆွေးနွေးရေးကော် မတီ" ကို "ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ" အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။

KIO/KIA ကချင်အဖွဲ့၊ AA ရခိုင်အဖွဲ့၊ MNDAA ကိုးကန့်အဖွဲ့၊ TNLA တအာန်းပလောင်အဖွဲ့၊ SSPP/SSA ၊ NDAA မိုင်းလားအဖွဲ့နဲ့ UWSA ဝအဖွဲ့တို့ တက်ရောက်ကြတဲ့ ဒီအစည်းအဝေးကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အထွေထွေမူဝါဒနဲ့ ရပ်တည်ချက်ကို အတည်ပြုပြီး အစိုးရနဲ့ဆွေးနွေးညှိနှိုင်းမယ့် ဘုံစာတမ်းအဖြစ် အတည်ပြုလိုက် တယ်လို့ အစည်းအဝေးအပြီး ဧပြီလ ၁၉ ရက်- ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

"ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ" အဖွဲ့ဝင် အဖွဲ့အစည်းတွေအနေနဲ့ အစိုးရနဲ့ဆွေးနွေးတဲ့ အခါမှာ တဖွဲ့ချင်းမဆွေးနွေးပဲ ကော်မတီအနေနဲ့သာ ဆွေးနွေးသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထား ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.