ထိုင်းနိုင်ငံသားတစ်ဦး ပြည်ဖြိုးထွန်း ဆီအုန်းစိုက်ခင်းအတွင်း သေနတ်ဒဏ်ရာဖြင့်သေဆုံး


တနင်္သာရီ - မေလ ၁၁ ရက်

တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်မြို့နယ်-အမှတ်(၃)ကျေးရွာ ပြည့်ဖြိုးထွန်း ဆီအုန်းစိုက်ပျိုးခင်းအတွင်း ထိုင်းနိုင်ငံသား Mr.Chai Ched (၃၃)နှစ် ၊ အဘ(စီစစ်ဆဲ)သည် ဦးခေါင်းယာဘက်ချိုစောင်း၌ သေနတ်ဒဏ်ရာဖြင့် မေလ ၁ဝရက် ည၁ဝနာရီဝ၅အချိန်၌ သေဆုံးနေကြောင်း သတင်းရရှိသဖြင့် မောတောင်နယ်မြေရဲစခန်း- စခန်းမှူး ရဲအုပ်အေးနိုင်နှင့်အဖွဲ့မှ အခင်းဖြစ်ရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်အကျဉ်းမှာ မောတောင်နယ်မြေရဲစခန်း- စခန်းမှူး ရဲအုပ်အေးနိုင် သည် တာဝန်ထမ်းဆောင်နေစဉ် ပြည့်ဖြိုးထွန်းဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီ တာဝန်ခံ ဦးစည်သူဟိန်း သည် ဝန်ထမ်းအိမ်ယာတွင်ရှိနေစဉ် အဆိုပါကုမ္ပဏီ၏ စက်ယန္တရားအလုပ်သမားအဆောင်တွင် မေလ၇ ရက်နေ့ TBP-11591 ဖြင့် ရောက်ရှိနေထိုင်သည့် ထိုင်းနိုင်ငံသား Mr.Chai Ched(၃၃)နှစ်၊အဘ(စီစစ်ဆဲ)၊ စက်ပြင်ဆရာ ၊ (၅၂)၊ ဝါရိုင်းကျေးရွာ၊ တက်ကာအန်နွေမြို့၊ စကွန်နခေါ်ခရိုင်နေသူသည် ပြည့်ဖြိုးထွန်းဆီအုန်း စိုက်ပျိုးရေးကုမ္ပဏီ စက်ယန္တရားအလုပ်သမားအဆောင်အနီးအမှတ်(၃)ကျေးရွာမှတကောဖောလူကျေးရွာသွားကားလမ်းနံဘေးနေရာတွင် ဦးခေါင်းယာဘက်ချိုစောင်း၌ သေနတ် ဒဏ်ရာတစ်ချက်ဖြင့် လဲကျသေဆုံးနေသည်ကို ၄င်းကုမ္ပဏီမှ အလုပ်သမား အောင်ကျော်ဟိန်း ကပြောပြချက်အရသိရှိရသဖြင့် စိုက်ပျိုးရေးတာဝန်ခံ ဦးစည်သူဟိန်းနှင့်ကြီးကြပ်
ရေးမှူးများဖြစ်သည့် ဦးဇေယျာလင်း၊ ဦးခင်မောင်ဝင်းဦးမြအေး၊ ဦးရဲလင်းအောင် တို့နှင့်အတူ အခင်းဖြစ်ရာသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ သေဆုံးသူနှင့်အတူနေထိုင်ကြသည့် ဇင်ကိုဝင်းနှင့်ထွေးကိုဝင်းတို့နှစ်ဦးအားမေးမြန်းရာ ၄င်းတို့သည် တကောဖောလူကျေးရွာသွား ကားလမ်းနံဘေးတွင် ဖုန်းပြောနေစဉ် သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည်ကိုမြင်တွေ့ရ၍ ကိုအောင်ကျော်ဟိန်းထံသို့ ဖုန်းဖြင့်အကြောင်းကြားခဲ့ကြောင်း စံစမ်းသိရှိရသဖြင့် သေဆုံးသူထိုင်းနိုင်ငံသား၏ အလောင်းအား ရဲဆေးစာနှင့်အတူ တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံသား Mr. Chai Ched ကို သတ်သွားသူအား စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်ပေးပါရန် ပြည့်ဖြိုးထွန်းဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီ တာဝန်ခံ ဦးစည်သူဟိန်း မှတရားလိုပြုလုပ်တိုင်တန်းသဖြင့် မောတောင်နယ်မြေရဲစခန်း၏ (ပ)၇ /၂ဝ၁၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ ဖြင့် မေလ၁၁ရက် နံနက် ၃နာရီ ၅ဝအချိန်၌ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပြီး အမှုစစ်အဖြစ် လ-၁၆၉၁၅၃ ရဲအုပ်အေးနိုင်မှစစ်ဆေး
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့မရဲစခန်းမှ သတင်းရရှိသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)
Iprd Nantharyi
https://www.facebook.com/iprd.nantharyi
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.