မက္ကဆီကိုနိုင်ငံတွင် မီးရှူးမီးပန်းပေါက်ကွဲမှု ကြောင့် သေဆုံးသူ ၁၄ဦးရှိလာ


    မက္ကဆီကို စီးတီး၊ မေ ၁၀ ရက် (ဆင်ဟွာ)

    မက္ကဆီကို နိုင်ငံ အလယ်ပိုင်းတွင် မေ ၈ ရက် က မီးရှူးမီးပန်းများပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ဦးရေသည် ၁၄ဦးအထိမြင့်တက်လာပြီး လူ ၂၂ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း Puela ပြည်နယ်အစိုးရ က မေ ၉ ရက် တွင် ကြေညာခဲ့သည်။

တွစ်တာစာမျက်နှာတွင် တင်ထားသည့် ထုတ်ပြန်ချက်၌ ဒေသတွင်းအစိုးရက ပေါက်ကွဲမှုသည် မေ ၁၅ရက်တွင် ကျင်းပမည့် ကျေးရွာပွဲတော်တစ်ခုမတိုင်ခင် မေလ ၈ ရက် ည ၉း၃၀နာရီတွင် မီးရှူးမီးပန်းသိုလှောင်ရုံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များ၏ အစောပိုင်း သတင်းပေးပို့ချက်များအရ သိုလှောင်ရုံအပြင်ဘက် တွင် မီးရှူးမီးပန်းဖောက်ရာမှ တစ်ဆင့် မီးပွား ကူးစက်ကာ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Puebalပြည်နယ် ပြည်ထဲရေးဝန်ကြီး က ပေါက်ကွဲမှုကြောင့် အဆောက်အဦပြိုကျခဲ့ပြီး လူစုစုပေါင်း ၁၄ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒီဇင်ဘာလအတွင်းကလည်း မက္ကဆီကိုစီးတီး ရှိ မီးရှူးမီးပန်းဈေးတစ်ခုတွင် ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်ပွားခဲ့ရာ လူ ၃၅ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.