ဖားကန့်မှာ ၂၁ ပင်လုံ ထောက်ခံ တဲ့ လှုပ်ရှားမှု ပြုလုပ်



ဖားကန့်မြို့နယ် လုံးခင်းရွာအဝင် တံတားထိပ်မှာ ၂ဝ၁၇ ခုနှစ် မေလ ၂၃ ရက်နေ့က စိုက်ထူးထားတဲ့ ၂၁ ရာစုပင်လုံညီလာခံကိုကြိုဆိုကြောင်း ဆိုင်းဘုတ်ကို တွေ့ရစဉ်။ Photo: Aung Myint Thu Facebook
နေပြည်တော်မှာ မနက်ဖြန်စတင်ပြုလုပ်မယ့် ၂၁ ရာစုပင်လုံညီလာခံ အောင်မြင်စေဖို့ ထောက်ခံကြိုဆိုကြောင်း ဆိုင်းဘုတ်တင်လှုပ်ရှားမှုတရပ်ကို ဒေသခံ အရပ်ဘက်အဖွဲ့တွေက ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဒီကနေ့ပြု လုပ်ခဲ့ပါတယ်။

ပြည်ထောင်စုတဝှမ်းလုံးမှာ ငြိမ်းချမ်းရေးအမြန်ဆုံးရရှိစေဖို့ ငြိမ်းချမ်းရေးမြတ်နိုးသူတွေက ပူးပေါင်းဆောင်ရွက် ကြတာဖြစ်တယ်လို့ ဖားကန့်မြို့နယ် NLD ပါတီရုံးတာဝန်ခံ ဦးခင်မောင်ချင်း က RFA ကို ပြောပါတယ်။

ဆိပ်မူ၊ လုံးခင်း၊ ဖားကန့် စတဲ့ မြို့ရွာတွေက တံတားထိပ်တွေနဲ့ အများပြည်သူသွားလာမှုများတဲ့ ရပ်ကွက်တွေအနီး မှာ ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုကြောင်း ဆိုင်းဘုတ်တွေကို အခုရက်ပိုင်းအတွင်း စိုက်ထူနေ တာဖြစ်ပါတယ်။

ဒီအတောအတွင်း ဒီကနေ့မနက်ပိုင်းမှာ လုံးခင်းရွာအဝင် ကျောက်ဖျာနဲ့ လယ်ပြင်ဂိတ်အနီး ဒေသအခေါ် လွှစင်တောင်တဝိုက်က တောတောင်တွေဘက်မှာ ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

လတ်တလောမှာ ဖားကန့်ဒေသ ကျေးရွာတချို့မှာလည်း အစိုးရတပ်မတော်က လုံခြုံရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.